Powered by Blogger.

လင်းယုန်ပြာတွေကို အမြှောက်နဲ့ ပစ်သတ်ခဲ့တဲ့ည

Walcott ရဲ့ အကောင်းဆုံးဂိုး



မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက လူမစုံခဲ့ပေမယ့်လည်း အကောင်းဆုံး ကစားပြနိုင်ခဲ့ပြီး မန်စီးတီးအသင်းကို အနိုင်ရခဲ့တယ်။ Sanchez မပါနိုင်ခဲ့လို့ တအားလျော့ခဲ့ပေမယ့် မန်စီးတီးရဲ့ ခံစစ် ဟာကွက်တွေကနေ ဂိုးတွေကို ရယူနိုင်ခဲ့ပြီး အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့တယ်။ Ozil ရဲ့ တိကျတဲ့ပေးပို့မှုနဲ့ အဆုံးသတ်သေချာတဲ့ ထောာင့်ကျကျကန်သွင်းချက်တွေက မန်စီးတီးကို မှင်သက်စေခဲ့တာပါ။

 နှစ်သင်းလုံး ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့်လည်း ဂိုးပေါက်မတည့်ခဲ့လို့ ရလဒ်ကျဉ်းမြောင်းခဲ့ရတယ်။ ပွဲချိန် ၃၁ မိနစ်မှာတော့ မန်စီးတီးအသင်းအပိုင်ကန်ခွင့်ရခဲ့တယ်။ De Bruyne က သူ့ပုံစံအတိုင်း တောင်ပံကနေ ဆွဲလာပြီး marking လွတ်နေတဲ့ Silva ကို မပေးဘဲ အကျယ်ထောင့်ကို ကန်ခဲ့ရာမှာ ဂိုးတိုင်နဲ့ ကပ်လွဲသွားခဲ့တယ်။ ဒီဂိုးသာဝင်သွားမယ်ဆိုရင်တော့ ပွဲအဖြေက တစ်မျိုးပြောင်းသွားနိုင်တယ်။ အာဆင်နယ်အသင်းက ချက်ချင်းဆိုသလိုပဲ တိုက်စစ်ပြန်ဖွင့်ခဲ့တယ်။ Ozil ချပေးတာကို Walcott က ဖြတ်ယူပြီး ဂိုးသမား Joe Hart ရဲ့ ဘယ်ဘက်ထောင့်ထဲကို အပြင်းကန်သွင်းခဲ့လို့ အဖွင့်ဂိုးရသွားတယ်။


Giroud ရဲ့ ဒုတိယဂိုး

အဲ့နောက်မှာတော့ အာဆင်နယ်အသင်းက ဂိုးထပ်ရနိုင်ဖို့ ကြိုးစားခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ Giroud က Ozil ရဲ့ ပေးပို့မှုကနေပဲ ထပ်မံသွင်းယူခဲ့ပြန်တယ်။ ဒုတိယပိုင်းစပြီး ပွဲချိန် ခုနစ်မိနစ်မှာတော့ Monreal ဘယ်ခြမ်းက ဖြတ်ပို့တာကို အာဆင်နယ်လူငယ်ကစားသမား Joel Campbell အနီးကပ်ပိတ်သွင်းရာမှာ အပေါ်ထောင်သွားခဲ့လို့ မန်စီးတီး သက်သာသွားတယ်။ Aguero ပြန်ပါလာပေမယ့်လည်း မန်စီးတီးတိုက်စစ်က သေနေတယ်။ အာဆင်နယ်ကတော့ အပိုင်အခွင့်အရေးတွေကိုသာ ဂိုးအဖြစ်ပြောင်းလဲနိုင်မယ်ဆိုရင် ငါးဂိုးလောက်ဖြစ်သွားနိုင်တယ်။ မန်စီးတီးအသင်းရဲ့ ချေပဂိုးကိုတော့ Yaya Toure က Petr Cech ရဲ့ အပေါ်ထောင့်ထဲကို အမှတ်မထင်ကန်သွင်းခဲ့တာပါ။

ဒီလိုအနိုင်ကြောင့် အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို မန်စီးတီးအသင်းထက် လေးမှတ်အသာ လက်စတာအသင်းနဲ့ နှစ်မှတ်အကွာကို ရောက်ရှိသွားခဲ့ပြီး ချန်ပီယံဆုအတွက် ရေပန်းစားလာတယ်လို့ သိရပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်ကွင်းလယ်လူ Ozil က Man Of the Match ကို ဆွတ်ခူးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၁၅ ဂိုးအထိ ဖန်တီးပေးထားနိုင်လို့ သိရပါတယ်။





( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : SkySports
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment