Powered by Blogger.

FIFA ဥက္ကဌ Blatter နဲ့ UEFA ဥက္ကဌ Platini တို့ ဘောလုံးလောကမှ ရှစ်နှစ်အပိတ်ခံရ






၂၀၁၁ ဖေဖော်ဝါရီလအတွင်းက FIFA ဥက္ကဌ Blatter နဲ့ UEFA ဥက္ကဌ Platini တို့ဟာ ပေါင် ၁.၃၅ သန်းကို အပေးအယူလုပ်ခဲ့ကြတာကြောင့် ဘောလုံးလောက ကနေ ပတ်သက်ခွင့် ရှစ်နှစ်အပိတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

FIFA ကျင့်ဝတ်ဆိုင်ရာ ကော်မတီကတော့ " မစ္စတာ Blatter ဟာ Platini ကို တရားမဝင်ဘဲနဲ့ နှစ်ဦးသဘောတူ လာဘ်ပေးလ်ာယူမှုတွေကို နှစ်အတော်ကြာ  လုပ်ဆောင်လာခဲ့ကြတယ်။ သူတို့ရဲ့ ဒီလို လုပ်ဆောင်မှုတွေက တရားမဝင်ခဲ့ဘူးလို့  ဖော်ပြထားပါတယ်။ "

ဒီလို ပြစ်ဒဏ်ကြောင့် လာမယ့် FIFA ရွေးကောက်ပွဲမှာ Blatter နေရာကို အစားထိုးဖို့ ဝင်ရောက်ယှဉ်ပြိုင်ချင်နေတဲ့ UEFA ဥက္ကဌ Platini အတွက်တော့ အိပ်မက်တွေ အဆုံးသတ်သွားခဲ့ရပါတယ်။ သူတို့ဟာ ထပ်ဆောင်းဒဏ်ငွေတွေကိုလည်း ပေးဆောင်ရအုံးမှာဖြစ်ပြီး Blatter က ပေါင် ၃၃၀၀၀ နဲ့ Platini ကတော့ ပေါင် ၅၄၀၀၀ ပေးဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။





( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : SkySports
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment