Powered by Blogger.

ငွေကြေးတောင့်တင်းလာမှုကြောင့် ပြိုင်ဆိုင်မှုပိုပြင်းထန်လာတယ်လို့ Arsene Wenger သုံးသပ်






အာဆင်နယ်အသင်းနည်းပြ Arsene Wenger ကတော့ မန်စီးတီးနဲ့ ပွဲမတိုင်ခင်မှာ ဘဏ္ဍာရေးတောင့်လာတဲ့ အသင်းတွေကြောင့် ပရီးမီးယားလိဂ်ဟာ အကြိတ်အနယ်ပိုရှိလာခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်လာတယ်လို့ ပြောပါတယ်။  ပရီးမီးယားလိဂ်အသင်းတိုင်းဟာ ဘက်ညီလာပြီး ပိုမိုအကြိတ်အနယ်ရှိလာတဲ့ အကြောင်းရင်းကတော့ အသင်းတိုင်းဟာ ငွေကြေးအင်အားတောင့်တင်းလာလို့ပါလို့ Arsene Wenger က  ပြောပါတယ်။ Arsene Wenger က နောက်ပိုင်းနှစ်တွေမှာ မန်စီးတီးအသင်း ခြေစွမ်းပြလာရတာဟာလည်း ငွေကြေးက အဓိကကျနေတယ်လို့ ထောက်ပြပါတယ်။

 အာရတ်သူဌေး ရှိတ်မန်ဆာဟာ မန်စီးတီးအသင်းကို ပိုင်ဆိုင်ပြီးတဲ့နောက်မှာတော့ ငွေကြေးများစွာသုံးစွဲခဲ့ပြီး အသင်းကြီးတစ်သင်း ဖြစ်လာအောင် တည်ဆောက်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဆိုရင်တော့ မန်စီးတီးအသင်းကို  Emmanuel Adebayor , Kolo Toure နဲ့ Samir Nasri  စတဲ့ ကစားသမားတွေကို ရောင်းချခဲ့ဖူးပါတယ်။ မန်စီးတီးအသင်းဟာဆိုရင်တော့ နောက်ဆုံးအနေအထားအရ အသင်းရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ပေါင် ၂၆၅ သန်းနဲ့ တရုတ်လုပ်ငန်းစုတွေကို ရောင်းချခဲ့ပြီး ဘဏ္ဍာရေးအင်အား ပိုမိုတောင့်တင်းလာခဲ့ပါတယ်။

Arsene Wenger က " ပရီးမီးယားလိဂ်က အခုလို ပြိုင်ဆိုင်မှု ပြင်းထန်လာတာက အသင်းတိုင်းမှာတော့ တောင့်တင်းတဲ့ ဘဏ္ဍာရေးအင်အားရှိထားလို့ပါ။ အသင်းငယ်လို့ သတ်မှတ်ထားတဲ့အသင်းတွေကလည်း တခြားလိဂ်ကအကောင်းဆုံးကစားသမားတစ်ယောက် ကိုတော့ ပိုင်ဆိုင်ထားကြတာချည်းပဲ။ အသင်းတိုင်းမှာ ရုပ်သံအစီအစဉ်ကနေတောင် အနည်းဆုံး သန်းလေးဆယ်ကနေ ရှစ်ဆယ်ကြားရနေတော့ ပရီးမီးယားလိဂ်ရဲ့ ကြီးထွားမှုနှုန်းက တအားကို မြန်ဆန်လာတယ်။ နောက်တစ်နှစ်ဆိုရင် ဒီထက်နှစ်ဆပဲ ထင်တယ်။ " လို့ ပြောပါတယ်။

Arsene Wenger ရဲ့ အာဆင်နယ်အသင်းဟာ ဒီနေ့ညမှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ " ကျွန်တော်တို့အသင်းကတော့ ပုံမှန်ခြေစွမ်းရနေပါတယ်။ကျွန်တော်တို့အသင်းကတော့ အကောင်းဆုံးကြိုးစားကစားသွားမှာဖြစ်ပြီး ပုံမှန်ခြေစွမ်းထက် ပိုမိုကြိုးစားနိုင်မယ် ထင်ပါတယ် " လို့ Arsene Wenger က ပြောပါတယ်။





( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment