Powered by Blogger.

Van Gaal ရဲ့ နေရာအစားဝင်ဖို့ မန်ယူအသင်းရဲ့ ပစ်မှတ်များ





လာမယ့် ဘောက်ဆင်ဒေးပွဲစဉ်မှာ စတုတ်ကို ရှုံးရင် မန်ယူနည်းပြ Van Gaal အနေနဲ့ အိုးထရတ်ဖို့ဒ်ကို နှုတ်ဆက်ရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီး ဘယ်သူနည်းပြသစ်ဖြစ်လာနိုင်တယ်ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။
မန်ယူအသင်းဟာ နောဝစ်ခ်ျအသင်းကို အိမ်ကွင်းမှာ နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက်မှာတော့ မန်ယူအသင်းရဲ့ ရလဒ်ပိုင်းတွေကို  ပရိသတ်တွေက စိတ်ပျက်လာကြပြီး မန်ယူနည်းပြ Louis Van Gaal ကိုလည်း နည်းပြရာထူးကနေ ဖယ်ရှားဖို့ အသံတွေထွက်လာပါတယ်။

နည်းပြ Van Gaal ရဲ့ ဖိအားတွေဟာလည်း နောဝစ်ခ်ျအသင်းကို ရှုံးနိမ့်ခဲ့တဲ့နောက်မှာတော့ နှစ်ဆတိုးခဲ့ရပြီး David Moyes လက်ထက် မန်ယူအသင်းနဲ့ ရလဒ်ပိုင်းက မတိမ်းမယိမ်းဖြစ်လာခဲ့ရပါတယ်။ အခုလို ရလဒ်ဆိုးတွေကြောင့် မန်ယူအသင်းဘုတ်အဖွဲ့ဟာ အပြောင်းအလဲတစ်ခုကို ပြုလုပ်ဖို့ လိုအပ်လာပြီဖြစ်ပြီး ထိုင်ခုံလှုပ်လာတဲ့ နည်းပြ Van Gaal နေရာမှာ အစားထိုးနိုင်ဖို့အတွက် နည်းပြ သုံးယောက်ကို လျာထားလျက်ရှိတယ်လို့ သိရပါတယ်။

မန်ယူအသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ကတော့ လောလောလတ်လတ် ချယ်လ်ဆီးနည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ Mourinho ဖြစ်ပါတယ်။ Mourinho ဟာ အခုလောလောဆယ်မှာတော့ အသင်းလက်မဲ့ဖြစ်နေခဲ့ပြီး မန်ယူအသင်းအနေနဲ့ နည်းပြအပြောင်းအလဲ ပြုလုပ်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အနေအထားတစ်ခုမှာ ရှိနေပါတယ်။  သူဟာ အသင်းကြီးတွေအတော်များများကို ကိုင်တွယ်ဖူးပြီး ရောက်တဲ့

အသင်းတိုင်းမှာ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူထားနိုင်တာမို့ မန်ယူအသင်းလို အောင်မြင်မှုတွေနဲ့ ဝေးကွာနေတဲ့ အသင်းအတွက်တော့ ဖြေဆေးတစ်ခွက်ဖြစ်လာနိုင်ပါတယ်။ Mourinho ရဲ့ ကစားကွက် အားပြုမှုဟာလည်း  နောက်တန်းကို အခြေတည်တာဖြစ်တာကြောင့် Van Gaal ရဲ့ ကစားကွက်ကို ငြီးငွေ့နေပြီး သွင်းဂိုးတွေကို မြင်တွေ့လိုတဲ့ မန်ယူပရိသတ်တွေနဲ့တော့ အံဝင်ခွင်ကျဖြစ်နိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ရပါလိမ့်မယ်။


နောက်တစ်ယောက်ကတော့ ဘိုင်ယန်မြူးနစ်နည်းပြ Pep Guardiola ပါ။ သူကတော့ ရာသီကုန်မှာ ဘိုင်ယန်အသင်းက ထွက်ခွာမှာဖြစ်ပြီး Pep ရဲ့ နည်းဗျူဟာတွေနဲ့ ကစားပေါက်တွေကတော့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုဖြစ်လာနိုင်တယ်လို့ Dailymail က ဖော်ပြပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ယောက်ဖြစ်တာကြောင့် ချယ်လ်ဆီး ၊ မန်စီးတီး စတဲ့ အသင်းကြီးတွေကပါ ခေါ်ယူနိုင်ဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်လျက်ရှိပြီး မန်ယူအသင်းကိုသာ အမှန်တကယ်ရောက်ရှိလာမယ်ဆိုရင်တော့ နည်းပြ Ferguson နောက်ပိုင်း အကောင်းဆုံးနည်းပြတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေ ပြုလုပ်နေကြပါတယ်။


ဖြစ်လာနိုင်တဲ့ နည်းပြနောက်တစ်ယောက်ကတော့ အခုလောလောဆယ်မှာ မန်ယူအသင်းရဲ့ လက်ထောက်နည်းပြအဖြစ်ဆောင်ရွက်နေတဲ့ Ryan Giggs ပါ။ သူကတော့ နည်းပြပိုင်းဆိုင်ရာ ပညာရပ်တွေကို မန်ယူနည်းပြ Van Gaal ဆီကနေ သင်ယူလျက်ရှိပါတယ်။ သူဟာ နည်းပြအနေနဲ့တော့ အတွေ့အကြုံနည်းလွန်းနေသေးပြီး မန်ယူပရိသတ်တွေရဲ့ အချစ်တော် ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်တာကြောင့် အနာဂတ်မန်ယူနည်းပြ ဖြစ်လာနိုင်တယ်လို့လည်း  ခန့်မှန်းမှုတွေ ပြုလုပ်နေကြပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment