Powered by Blogger.

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပြေးလမ်းပေါ်ကို ရောက်နေပြီဆိုတဲ့ Petr Cech




အာဆင်နယ်အသင်းရဲ့ ဂိုးသမားဖြစ်သူ Petr Cech ကတော့ အာဆင်နယ်အသင်းဟာ ချန်ပီယံပြေးလမ်းမှန်ပေါ်ကို ရောက်ရှိနေပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောပါတယ်။ အာဆင်နယ်အသင်းဟာ နောက်ဆုံး လိဂ်ပွဲ ၁၁ ပွဲမှာ တစ်ပွဲသာ ရှုံးနိမ့်ထားပြီး လက်စတာအသင်းရဲ့ နောက်နှစ်မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်လျက်ရှိပါတယ်။

" ကျွန်တော်တို့ အသင်းက ပြန်ကစားနိုင်တဲ့သူတွေနဲ့ဆို အင်အားအတောင့်ဆုံးအခြေအနေကို ရောက်လာပါပြီ။ နည်းပြကြီးဟာ သူကြိုက်တဲ့ကစားသမားတွေကိုလည်း ထုတ်သုံးနိုင်နေပါပြီ။ ဒါဟာ ကျွန်တော်တို့အတွက် အကျိုးရှိစေမှာဖြစ်ပြီး ချန်ပီယံဆုကိုဆီကို အရောက်သွားနိုင်မှာပါ " လို့ ပြောပါတယ်။

အာဆင်နယ်အသင်းဟာ ယခင်ရာသီတုန်းကတော့ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံချယ်လ်ဆီးနဲ့ ၁၂ မှတ်ကွာဟခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ အာဆင်နယ်အသင်းဟာ ဒဏ်ရာရကစားသမားတွေ များပြားလျက်ရှိပြီး  Alexis Sanchez , Jack Wilshere, Francis Coquelin, Danny Welbeck, Santi Cazorla နဲ့ Tomas Rosicky တို့ဟာ အခုထက်ထိ မကစားနိုင်သေးဘဲနဲ့ ဒဏ်ရာရလျက်ရှိနေပါသေးတယ်။

ချယ်လ်ဆီးအသင်းကနေ ပေါင် ၁၀ သန်းနဲ့ အာဆင်နယ်အသင်းကို ရောက်ရှိလာတဲ့ Petr Cech ကတော့ " ကျွန်တော်တို့ အခုအချိန်မှာ အခက်အခဲများစွာနဲ့ ဖြတ်ကျော်နေရပါတယ်။ ဘယ်အရာမှတော့ အလွယ်တကူဖြတ်ကျော်လို့ မရပါဘူး။ ကျွန်တော်တို့ ကစားသမားတွေ ဒဏ်ရာမရအောင်  ဂရုစိုက်ကစားရပါမယ်။ ဒဏ်ရာရ ကစားသမားတွေ များနေတာတောင်မှ အခုလို  နိုင်ပွဲတွေရယူနိုင်ခဲ့လို့ ကျေနပ်မိပါတယ်။ ကျွန်တော်ကတော့ ဒဏ်ရာပြဿနာတွေကနေ ပြန်လာမယ့် ကစားသမားတွေဟာ အသင်းကို အကောင်းဆုံး ပြန်ပြီး အကျိုးပြုနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဘောလုံးရာသီတစ်ခုဟာ အချိန်အကြာကြီးပါ။ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ အခုလိုပုံစံအတိုင်းသာ မတ်လ ၊ ဧပြီလလောက်အထိဆက်သွားနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရနိုင်ပါတယ်။ " လို့ ပြောပါတယ်။




( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment