Powered by Blogger.

Schweinsteiger ဟာ နောက်ထပ်ပွဲစဉ်တွေမှာလည်း ပိုကောင်းအောင် ကစားနိုင်အုံးမယ်လို့ Van Gaal ပြော



မန်ယူနည်းပြ Van Gaal ကတော့ သူ့ရဲ့ ယုံကြည်မှုကို ရရှိထားတဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူဟောင်း  Schweinsteiger ဟာ အသင်းမှာ သူပါဝင်ရမယ့် အခန်းကဏ္ဍတွေအများကြီး ရှိနေသေးပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေကလည်း ဆက်လက်တိုးတက်လာအုံးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ  Van Gaal  ရဲ့ ကစားကွက်မှာ ကွင်းလယ်ကို ဦးဆောင်ကစားနိုင်ဖို့ ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူခဲ့တာပါ။ ဒါပေမယ့်လည်း သူ့ရဲ့လေးပင်နေတဲ့ ကစားဟန်ကြောင့် မန်ယူ ပရိသတ်တွေကတော့ စိတ်ပျက်လျက်ရှိနေပြီး ကွင်းလယ်ကို ဦးဆောင်နိုင်စွမ်းရှိမှာ မဟုတ်ဘူးလို့ ပြောလာကြပါတယ်။


" ကျွန်တော့်တို့ Bastian ကို ဝယ်ရတဲ့ အကြောင်းရင်းကတော့ သူ့မှာ အသင်းကို ဦးဆောင်ကစားနိုင်ပြီး လမ်းညွှန်ပေးနိုင်မယ့် အရည်အချင်းကောင်းတွေ ရှိနေလို့ပါ။ ဒါပေမယ့်လည်း သူ့ရဲ့ ဘိုင်ယန်မြူးနစ်မှာ ကစားတုန်းကလို အကောင်းဆုံးပုံစံကိုတော့ ယူနိုက်တက်မှာ မမြင်ရသေးတာ မှန်ပါတယ်။ ဒါပေမယ့်လည်း လာမယ့်ပွဲစဉ်တွေမှာတော့ သူက ပိုကောင်းအောင် ကစားပြပါလိမ်မယ်။ " လို့ မန်ယူနည်းပြ Van Gaal က ပြောပါတယ်။

ဒါပေမယ့်လည်း သူက ဘယ်လောက်အထိ ထပ်တိုးတက်နိုင်အုံးမယ်ဆိုတာတော့ Van Gaal က မပြောခဲ့ဘဲ နည်းစနစ်ပိုင်းအရသူနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ရအုံးမှာဖြစ်ပြီး ဒီလိုကစားသမားကောင်းတွေကို ညှိနှိုင်းမှုတွေပြုလုပ်မှ တိုးတက်လာမယ်လို့ ယုံကြည်တယ်လို့ Van Gaal က ပြောခဲ့ပါတယ်။


Schweinsteiger ဟာ ဝက်စ်ဟမ်းအသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာတော့ ပြိုင်ဘက်နောက်ခံလူ Winston Reid ကို တံတောင်နဲ့တွတ်ခဲ့ပေမယ့်လည်း ထိထိရောက်ရောက်အရေးယူတာမျိုး မခ့ခဲ့ရပါဘူး။ ဒါ့ကြောင့် Reid ကတော့ " သူ ကျွန်တော့်ကို တံတောင်နဲ့ တွတ်ခဲ့တာ။ အမှန်တကယ်ကို အနီကတ်ပြသင့်တာ။ ဒါပေမယ့်လည်း ဒိုင်က မမြင်ခဲ့ဘူး။" လို့ ပြောပါတယ်။


 ဝက်စ်ဟမ်းနည်းပြ Bilic ကလည်း " ဒီလုပ်ရပ်က အနီကတ်ကို ပြသင့်တာ။ ဒါပေမယ့် ဒိုင်လူကြီး  Mark Clattenburg ကတော့ မျက်ကွယ်ပြုခဲ့တယ်။ ကွင်းထဲမှာ ဒိုင်ဘယ်လောက်ထားထား မန်ယူလုပ်သမျှကို  သူတို့မမြင်ဘူးလို့ပဲ ပြောမှာပဲ။ ကျွန်တော်သာ ဒိုင်ဆိုရင် အနီကတ်ပြမှာပဲ " လို့ ကွင်းလယ်ဒိုင်ကို ဝေဖန်ခဲ့ပါတယ်။ မန်ယူအသင်းဟာ နောက်ပိုင်းပွဲတွေမှာ ဂိုးမိုးခေါင်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အခုလို ဒိုင်တွေရဲ့ မျက်နှာသာပေးမှုကို မကြာခဏခံရလေ့ရှိတာကြောင့်လည်း ဝေဖန်ခံနေရတယ်လို့လည်း သိရပါတယ်။





(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Teamtalk



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment