Powered by Blogger.

ဇယားထိပ်ကို ပြန်ရောက်လာတဲ့ လက်စတာအသင်းရဲ့ ခရစ္စမတ်အပျော်






ဆွမ်ဆီးအသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီးတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ပထမနေရာကို ပြန်တက်လှမ်းလာနိုင်တဲ့ လက်စတာအသင်းဟာ သူတို့ရဲ့ ခရစ္စမတ်ကာလ ပျော်ပွဲရွှင်ပွဲအဖြစ် ဒိန်းမတ်နိုင်ငံကို ခရီးတိုတစ်ခု ထွက်ခဲ့ကြပါတယ်။ သူတို့အသင်းသားတွေဟာတော့ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ကို ရောက်ရှိတဲ့အချိန်မှာတော့ ဘီယာတွေ သောက်စားခဲ့ကြပြီးတော့ အရုပ်ဝတ်စုံတွေကိုလည်း ဝတ်ဆင်ခဲ့ကြပါတယ်။

 လက်စတာ တိုက်စစ်မှူး Kramaric ကတော့ သူရိုက်ထားတဲ့ ပျော်ရွှင်နေတဲ့ အသင်းသားတွေရဲ့ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီးတော့ " တနင်္ဂနွေနေ့ အစီအစဉ် " လို့ ညွှန်းဆိုထားပါတယ်။


အဲ့ဒီနောက်မှာတော့ သူတို့တစ်သိုက်ဟာ ကိုပင်ဟေဂင်မြို့ထဲကို အဲ့ဒီဝတ်စုံတွေနဲ့ လှည့်လည်သွားရောက်ခဲ့ပြီး အသွင်အပြင် စုံလင်လှတဲ့ ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ဒီကစားသမားတွေနဲ့ ဓာတ်ပုံအရိုက်ခံနေတဲ့ သူတွေလည်း အတော်များများ ရှိခဲ့တယ်လို့ သိရပါတယ်။



Robert Huth ကတော့ Batman ဝတ်စုံကို ဝတ်ဆင်ခဲ့ပြီးတော့ ဂိုးသမား  Kasper Schmeichel ကတော့  The Incredibles ကာတွန်းကားထဲက ဇာတ်ကောင် ပုံစံကို ဝတ်ဆင်ခဲ့ပါတယ်။ ဒါ့အပြင် Spiderman, Iron Man နဲ့  Morphin ပါဝါရိန်းဂျားပုံစံတွေကိုလည်း ဝတ်ဆင်ခဲ့ကြပါတယ်။




အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့  Danny Drinkwater နဲ့ ၊ Matty James တို့ကတော့ လိပ်နင်ဂျာ ဇာတ်ကောင် Raphael နဲ့ Leonardo တို့အဖြစ် ပါဝင်ခဲ့ကြပါတယ်။ပရီးမီးယားလိဂ် ဂိုးသွင်းပွဲဆက်အများဆုံး စံချိန်ရှင် Vardy ကတော့ ပါဝါရိန်းဂျား အဖြူရောင်ဇာတ်ကောင်အဖြစ် ပါဝင်ဆင်နွှဲခဲ့ပါတယ်။



ဒီလို ပျော်ရွှင်ဖွယ် အခိုက်အတန့်တွေ ဖြစ်လာအောင်လို့ အသင်းရဲ့ နည်းပြ Ranieri က စီစဉ်ပေးခဲ့တာဖြစ်ပြီးတော့ ၁၅ ပွဲကစားထားပြီး ၃၂ မှတ်ရယူနိုင်ခဲ့တဲ့ အသင်းသားတွေကို ဂုဏ်ပြုတာဖြစ်တယ်လို့ သိရပါတယ်။ နည်းပြ  Ranieri ဟာ ကစားသမားတွေရဲ့ ကြိုးစားမှုကို အခုလို လုပ်ရပ်တွေနဲ့ ဂုဏ်ပြုလေ့ရှိပြီး ကစားသမားတွေကို ပွဲပန်းမှုတွေ ပြေပျောက်အောင်  ပြုလုပ်ပေးလေ့ရှိတယ်လို့ သိရပါတယ်။


လက်စတာနည်းပြ  Ranieri ဟာ ပထမဆုံး clean sheet ရခဲ့တဲ့ ပွဲမှာလည်း သူ့အသင်းသားတွေကို ပီဇာဝယ်ကျွေးခဲ့ပြီး ဂုဏ်ပြုပေးခဲ့ဖူးတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် လက်စတာအသင်းသာ ဒီရာသီမှာ အောင်မြင်မှု ကြီးကြီးမားမားရခဲ့ရင်တော့ နည်းပြ Ranieri ကတော့ ဘယ်လို ဆုလာဘ်တွေ ထပ်ပေးအုံးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။





(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment