Powered by Blogger.

အသင်းကို အမြန်ပြန်လာချင်လို့ ကြံ့ခိုင်ရေးအစီအစဉ်တွေကို ကြိုးစားလုပ်ဆောင်နေတဲ့ Sanchez




အာဆင်နယ်အသင်းကနေ ကြံ့ခိုင်မှုမပြည့်ဝမချင်း အနားပေးခံထားရတဲ့ ချီလီကစားသမား  Sanchez ဟာ သူ့ရဲ့ ပြန်လည် ကြံ့ခိုင်ရေးအစီအစဉ်တွေကို အားစိုက်လုပ်ဆောင်လျက်ရှိပြီး အသင်းမှာ အမြန်ဆုံးပြန်ကစားနိုင်ဖို့ တာစူနေတယ်လို့ သိရပါတယ်။  သူဟာ တံကောက်ကြောဒဏ်ရာကြောင့် အခုလိုအနားယူနေရတာဖြစ်ပြီး ချီလီနိုင်ငံကို ပြန်ရောက်နေတာပါ။

ဒါပေမယ့်လည်း သူဟာ အနားယူဖို့ မကြိုးစားဘဲ ပြန်လည်ကြံ့ခိုင်ရေးအစီအစဉ်တွေကိုသာ နိုင်ငံအသင်းရဲ့ ကြံ့ခိုင်ရေးနည်းပြနဲ့အတူ အားစိုက်လုပ်ဆောင်နေပြီး အသင်းမှာ ထင်ထာထက်ပိုစောပြီး ပြန်ကစားနိုင်ဖို့ ကြိုးစားနေတာပါ။

သူဟာ အသင်းမှာ ပြန်ကစားနိုင်ချိန်မှာလည်း အကောင်းဆုံးခြေစွမ်းကို ပြန်ပြလိုနေပေမယ့်လည်း ကြံ့ခိုင်ရေးပြည့်ပြည့်ဝဝ နဲ့ အင်အားအပြည့်ကစားနိုင်ဖို့ကတော့ ခက်ခဲမယ်လို့ သိရပါတယ်။ နည်းပြ Arsene Wenger ကတော့ သူ့ကို လေ့ကျင့်ခန်းအစီအစဉ်တွေ မပြုလုပ်စေချင်ဘဲ ပြည့်ပြည့်ဝဝ အနားယူဖို့သာ စေခိုင်းထားပေမယ့်လည်း စိတ်အားထက်သန်လွန်းတဲ့ ကာယကံရှင်ကြောင့် အခက်တွေ့နေရတယ်လို့ သိရပါတယ်။

Sanchez ဟာ လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကစားမယ့် မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ ပြန်ပါဝင်နိုင်မယ်လို့ ခန့်မှန်းထားကြပြီး ကစားသမားကိုယ်တိုင်ကတော့ ဒီထက်စောပြီး ကစားနိုင်ဖို့ မျှော်လင့်လျက်ရှိတာဖြစ်တယ်လို့ သိရပါတယ်။





(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment