Powered by Blogger.

Valbuena ရဲ့ sex tape ကိစ္စမှာ ငွေညှစ်ခဲ့တဲ့ Benzema ၂၀၁၆ ယူရိုပြိုင်ပွဲမှာ ကစားခွင့်အပိတ်ခံရ







ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) ဟာ Karim Benzema ကို ပြင်သစ်အသင်းဖော် Mathieu Valbuena ရဲ့ sex tape ကို အကျပ်ကိုင်ပြီး ငွေညှစ်ခဲ့တဲ့ကိစ္စမှာ ပါဝင်ခဲ့တာကြောင့် လာမယ့် ၂၀၁၆ ယူရိုပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ပါဝင်ကစားခွင့်မရှိအောင် ပိတ်ပင်ထားလိုက်ပြီ လို့ သိရပါတယ်။ သူဟာ ငွေညှစ်တဲ့ကိစ္စမှာ ပါဝင်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီးနောက်ပိုင်းမှာ ဆက်လက်စစ်ကြောမှုတွေကို ခံယူရမှာဖြစ်ပြီး ယူရိုပြိုင်ပွဲကိုလည်း လွဲချော်သွားတော့မှာဖြစ်ပါတယ်။

" Benzema ဟာ ပြင်သစ်လက်ရွေးစင်မဖြစ်နိုင်တော့ပါဘူး။ ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော့်အနေနဲ့ နိုင်ငံအသင်းရဲ့ နည်းပြ Deschamps ကို အသိပေးသွားပါမယ်။ သူဟာ မတ်လအထိ၊ ဒါမှမဟုတ် ယူရို ၂၀၁၆ ပြိုင်ပွဲကို  ဒီလို ယုတ်ညံ့တဲ့ကိစ္စမှာ ပါဝင်ခဲ့မှုကြောင့် ကစားခွင့်ရမှာ မဟုတ်ပါဘူး။ သူဒီလိုလုပ်လိုက်တာဟာ ကျွန်တော့်ကို နာကျည်းစေပါတယ်။ သူ့ကို ထိုက်သင့်တဲ့ ပိတ်ပင်မှုတွေနဲ့ အပြစ်ပေးရပါလိမ့်မယ်။ ကျွန်တော်က FFF ရဲ့ ဥက္ကဌဖြစ်နေလို့ပါ။ သူနဲ့ မျက်နှာချင်းဆိုင်တောင် စကားပြောပစ်ချင်တာပါ။ ဒါပေမယ့်လည်း ဥပဒေအရ လုပ်ခွင့်မရှိဘူး " လို့ FFF ရဲ့ ဥက္ကဌ Noel Le Graet က ပြောပါတယ်။

ဒါပေမယ့်လည်း ငွေညှစ်ခံရတဲ့ Valbuena ကတော့ လက်ရွေးစင်အသင်းမှာ ပါဝင်လာမှာဖြစ်တယ်လို့ Le Graet က အတည်ပြုပါတယ်။ Valbuena ဟာ သူ့ရဲ့ ချစ်သူနဲ့ လိင်ဆက်ဆံနေတဲ့ sex tape ကို ခိုးအရိုက်ခံရပြီးတဲ့နောက်မှာ မဖြန့်ချိစေချင်ရင် ပိုက်ဆံပေးရမယ်လို့ ခြိမ်းခြောက်ခံခဲ့ရတာပါ။

ဒီလိုငွေညှစ်မှုမှာတော့ Benzema က တိုက်ရိုက်မပတ်သက်ခဲ့ဘဲ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်သတင်းစာ L'Equipe ကတော့ ဒီကစားသမားနှစ်ယောက်လုံးရဲ့ လက်ရွေးစင်အသင်း အနာဂတ်ဟာ မသေချာဘူးလို့ ဖော်ပြထားပါတယ်။




(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref :Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment