Powered by Blogger.

ဥရောပထိပ်တန်းလိဂ်က အသင်းကြီးတွေ ခြေချော်ခဲ့တဲ့ တနင်္ဂနွေနေ့ ပွဲစဉ်များ





မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ် ၊ လီဗာပူးလ်နဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်တွေ ပါဝင်ခဲ့ကြပါတယ်။ လီဗာပူးလ်အသင်းနဲ့ စပါးအသင်းတို့ကတော့ ခြေချော်ခဲ့ကြပြီး အိမ်ကွင်းတွေမှာ သရေပွဲတွေ ရှုံးပွဲတွေတွေ့ခဲ့ရပါတယ်။ အာဆင်နယ်အသင်းကတော့ အက်စတွန်ဗီလာအသင်းကို အကောင်းဆုံးပုံစံတစ်ခုနဲ့ အဝေးကွင်းမှာ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

အက်စတွန်ဗီလာ ၂-၀ အာဆင်နယ်

အာဆင်နယ်အသင်းနဲ့  အက်စတွန်ဗီလာတို့ရဲ့ ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက တန်ပြန်တိုက်စစ်လို ပုံစံမျိုးနဲ့ ကစားခဲ့ပြီး နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ အသင်းရဲ့ မြန်နှုန်းမြင့်ကစားသမား Walcott က တန်ပြန်တိုက်စစ်လမ်းကြောင်းတွေမှာ အရေးပါခဲ့တယ်။ သူ့ရဲ့ ပြေးနှုန်းက ဗီလာနောက်တန်းကို ပြစ်ဒဏ်တွေဖြစ်စေခဲ့ပြီး ပင်နယ်တီပေးရတဲ့အထိ ဖြစ်ခဲ့တာပါ။ Walcott က တောင်ပံတစ်လျှောက်ပြေးဆွဲလာတာကို ဗီလာနောက်တန်းက လိုက်ထိန်းရင်းနဲ့ ဆွဲသလိုဖြစ်ခဲ့လို့ ပင်နယ်တီပေးလိုက်ရပါတယ်။

ရတဲ့ ပင်နယ်တီကိုတော့ ဂိုးမြူးနေတဲ့ တိုက်စစ်မှူး Giroud က ကန်သွင်းပြီး အာဆင်နယ်အတွက် အဖွင့်ဂိုးရယူပေးခဲ့ပါတယ်။ တန်းဆင်းဇုန်ဖိအားရှိနေတဲ့ ဗီလာအသင်းက တိုက်စစ်ဆင်ဖိကစားခဲ့ပြီး အာဆင်နယ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ဒါပေမယ့်လည်း အာဆင်နယ်ရဲ့ တန်ပြန်တိုက်စစ်က လျင်မြန်ခဲ့ပြီး ဒုတိယဂိုးကို ထပ်ရခဲ့ပါတယ်။ Ramsey ဘောလုံးဖျက်ထုတ်ရာကနေ ရလာတဲ့ ဘောလုံးကို  Giroud , Walcott, Ozil တို့က အပေးအယူမှန်မှန်နဲ့ချိတ်ဆက်သွားပြီးတော့ Ozil အနီးကပ်ချပေးတာကို Ramsey က အသာအယာပိတ်သွင်းခဲ့ပါတယ်။ ဒါ့ကြောင့် အာဆင်နယ်အသင်းကတော့ လက်စတာနဲ့ ချယ်လ်ဆီးပွဲမတိုင်ခင် ဇယားထိပ်ကို ရောက်ရှိလာခဲ့ပါတယ်။


 




လီဗာပူးလ် ၂-၂ ဝက်စ်ဘရွန်း


လီဗာပူးလ်အသင်းကတော့ အိမ်ကွင်းမှာဆိုပေမယ့်လည်း ကံကောင်းလို့သာ သရေရခဲ့တယ်။ ပွဲစပြီး မိနစ်နှစ်ဆယ်အကြာမှာ ဦးဆောင်ဂိုးကို အသင်းခေါင်းဆောင် Henderson က Lallana ရဲ့ ခေါင်းတိုက်ချပေးမှုကနေ ကန်သွင်းနိုင်ခဲ့လို့ အဖွင့်ဂိုးရခဲ့တယ်။ ဦးဆောင်ဂိုးရပြီး ၁၀ မိနစ်လောက်အကြာမှာပဲ ဂိုးပြန်ပေးခဲ့ရတယ်။ လီဗာပူးလ်နည်းပြ Klopp ပြောပြောနေတဲ့ set-pieces ကနေပဲ ဝက်စ်ဘရွန်းဂိုးရသွားခဲ့တယ်။

ထောင့်ကန်ဘောကနေ ကျလာတဲ့ဘောလုံးကို Craig Dawson က ကန်သွင်းပေးခဲ့လို့ လီဗာပူးလ်တို့ ချေပဂိုးပြန်ပေးလိုက်ရတယ်။ တိုက်စစ်မှူး Sturridge မရှိတဲ့ ရှေ့တန်းက ဘယ်လိုမှာ အလုပ်မဖြစ်ခဲ့တာတွေ့ရတယ်။ အဲ့နောက်မှာတော့ ဝက်စ်ဘရွန်းအသင်းက set-pieces တွေကနေပဲ ဂိုးတွေထပ်ရခဲ့ပြန်တယ်။ ပထမပိုင်းမပြီးခင်မှာ Olsson ပြစ်ဒဏ်ဘောကနေ ပိတ်သွင်းခဲ့ပေမယ့် လူကျွံဘောဖြစ်နေလို့ ဂိုးမရခဲ့ဘူး။ ဒါပေမယ့်လည်း ၇၃ မိနစ်မှာ Olsson ကပဲ ထောင့်ကန်ဘောကနေ ထပ်ပြီး သွင်းယူနိုင်ခဲ့တယ်။ နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနေပြီးမှ လီဗာပူးလ်တိုက်စစ်မှူး Origi က အဝေးကန်ချက်နဲ့  ၉၂ မိနစ်မှာ ဂိုးရယူနိုင်ခဲ့လို့ သရေကျခဲ့ပါတယ်။



စပါးအသင်းကတော့ အိမ်ကွင်းမှာ ခြေချော်ခဲ့ပြီး နယူးကာဆယ်အသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။





လာလီဂါမှာတော့ ရီးရဲလ်မက်ဒရစ်က ဗီလာရီးရဲလ်ကို ရှုံးခဲ့သလို ဗလင်စီယာကလည်း အိုက်ဘာအသင်းကို သရေကျခဲ့ပါတယ်။



(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : EPL
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment