Powered by Blogger.

ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတဲ့ Hazard





ချယ်လ်ဆီးအသင်းရဲ့တောင်ပံကစားသမား Eden Hazard ဟာ ချယ်လ်ဆီးအသင်းမှာ တဖြည်းဖြည်း ကစားရတာ ပင်ပန်းလာပြီး ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။သူဟာ ဘာနေဗျူးကို အခြေချနေလိုပြီး စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားရတာကို စိတ်ကုန်နေတယ်လို့ သိရပါတယ်။ ဂလက်တီကိုအစုအဝေးကလည်း သူတို့ရဲ့ ကြယ်စင်စုမှာ Hazard  ကို ထပ်အားဖြည့်လိုနေပြီးတော့ ကစားသမားကသာ ဆန္ဒရှိမယ်ဆိုရင် ခေါ်ယူဖို့ အသင့်ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။


ရီးရဲလ်ဥက္ကဌ Perez ကလည်း သူ့ကို ခေါ်ယူနိုင်ဖို့ အနည်းဆုံး ပေါင် ၇၅ သန်းလောက်အသုံးပြုသွားဖွယ်ရှိပြီး အပြောင်းအရွှေ့စည်းမျဉ်းတွေ ကြားခံနေတာကြောင့် ခေါ်ယူဖို့ ခက်ခဲနိုင်တယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းဟာ စပိန်ဘုရင့်ဖလားကနေ ထုတ်ပယ်ခံခဲ့ရပြီးတော့ အခြားအရေးယူ ပိတ်ဆို့မှုမျိုးတော့ မခံရသေးပေမယ့်လည်း အပြောင်းအရွှေ့ကိစ္စတွေကို ပိတ်ပင်လိုက်မှာကို ကြောက်ရွံ့နေရပါတယ်။ Hazard ကတော့ သူ့ရဲ့ကစားသမားဘဝမှာ အဆိုးဆုံးကာလကို ရောက်ရှိနေခဲ့ပြီးတော့ သူ့ရဲ့ အမြင့်ပျံမှုကတော့ ရပ်တန့်တော့မလို ဖြစ်နေရပါတယ်။

အသက် ၂၄ နှစ်အရွယ် ကစားသမားဟာဆိုရင် အခုရာသီ ပြိုင်ပွဲစုံမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးဖန်တီးမှု သုံးကြိမ်သာ ပြုလုပ်ထားနိုင်တယ်လို့ သိရပါတယ်။ စပါးရဲ့ တောင်ပံကစားသမားဖြစ်တဲ့ Gareth Bale ကိုလည်း စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရအောင် ခေါ်ယူနိုင်ခဲ့တဲ့ ရီးရဲလ်ဟာ အေဘရာမိုဗစ်ခ်ျရဲ့ ကစားသမားကိုလည်း  စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရအောင်ခေါ်ယူလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။







(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment