Powered by Blogger.

ကလေးဆေးရုံမှာ ခရစ္စမတ်လက်ဆောင်တွေပေးခဲ့တဲ့ Rooney





မန်ယူအသင်းရဲ့ တိုက်စစ်မှူး Rooney ဟာ သူ့မိသားစု ထည့်ဝင်လှူဒါန်းထားတဲ့ Alder Hey ကလေးဆေးရုံရဲ့ ခရစ္စမတ်သစ်ပင် မီးစတင်ထွန်းညှိတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပြီးတော့ လူနာကလေးငယ်တွေကိုလည်း ခရစ္စမတ်လက်ဆောင်တွေ ပေးခဲ့တယ်လို့ သိရပါတယ်။ Rooney ဟာ မအားလပ်တဲ့ ကြားထဲကနေ ဒီအခမ်းအနားကို ဇနီးသည် Coleen နဲ့ အတူ တက်ရောက်ခဲ့ပြီးတော့  ၂၃၇ သန်းတန် ကလေးဆေးရုံသစ်ကြီးရဲ့  ပထမဆုံး ခရစ္စမတ်ပွဲတော်ကို အားဖြည့်ပေးခဲ့တာပါ။


Rooney ဟာ အဲ့လို ပျော်ရွှင်ကြည်နူးစရာဓာတ်ပုံတွေကို Instagram နဲ့ Twitter စာမျက်နှာတွေမှာ " ပျော်စရာကောင်းတဲ့  alderhey ကလေးဆေးရုံမှာပါ။ လူနာတစ်ချို့ကိုလည်း မိတ်ဆက်ခွင့်တွေ ရခဲ့ပြီး အံ့သြစရာနေရာတစ်ခုပါ  " လို့ အညွှန်းတပ်ပြီး တင်ထားခဲ့ပါတယ်။





Springfield မှာ တည်ဆောက်ထားတဲ့ ကလေးဆေးရုံသစ်ဟာ Rooney ရဲ့ မွေးရပ်မြေ Croxteth ကနေ လေးမိုင်လောက်ဝေးကွာပြီး ကုတင် ၂၇၀ ဆန့်တဲ့ အကောင်းဆုံးဆေးရုံတစ်ခုဖြစ်ပါတယ်။ ဒီဆေးရုံတည်ဆောက်နေစဉ်ကာလတွေမှာ Rooney တို့ မိသားစုဟာ ငွေကြေးတွေ ထည့်ဝင်လှူဒါန်းခဲ့ပြီးတော့ သူတို့ ခဏခဏရောက်ဖြစ်တဲ့ နေရာတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။


ဒီဆေးရုံဟာ လီဗာပူးလ်မြို့ရဲ့ အရေးပါတဲ့ အဆင့်အတန်းမီ ဆေးရုံဖြစ်လာမှာဖြစ်ပြီး အခုလို ခရစ္စမတ်ပွဲတော်ကိုစည်စည်ကားကားကျင်းပနိုင်ခဲ့လို့ဝမ်းသာမိတယ်လို့ ဆေးရုံတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ အသက် ၃၀ အရွယ် သရဲနီစတားဟာ မအားလပ်တဲ့ကြားကနေ ခရစ္စမတ်ပွဲတော်ကို တက်ရောက်အားပေးခဲ့ပြီး မန်ချက်စတာ ဖောင်ဒေးရှင်းကျောင်းသားတွေရဲ့  ခရစ္စမတ်သစ်ပင်ကိုလည်း အသင်းဖော် Carrick နဲ့ အတူ တက်ရောက် အားပေးခဲ့တယ်လို့လည်း သိရပါတယ်။



(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment