Powered by Blogger.

အသင်းနှင့် ကိုးနာရီခန့်အချိန်ပေးခဲ့ပြီးနောက် နိုက်ကလပ်သို့အသင်းဖော်များနှင့်အတူသွားခဲ့သည့် Diego Costa























ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး Diego Costa ဟာ အသင်းနဲ့အတူ စနေနေ့မှာယှဉ်ပြိုင်မယ့် ဘုန်းမောက် အသင်းနဲ့ပွဲစဉ် အတွက် လေ့ကျင့်ခန်းအစီအစဉ်တွေ  အပြီးမှာ Christmas ပါတီပွဲအဖြစ် အသင်းဖော်တွေ ဖြစ်တဲ့ Ramires,  Kenedy တို့နဲ့အတူ နိုက်ကလပ်တစ်ခုကိုသွားခဲ့ကြပါတယ်၊

ချဲလ်ဆီးအသင်းမန်နေဂျာ Jose' Mourinho အနေနဲ့ အခုလိုအသင်းသားတွေကိုညပိုင်းအပြင်ထွက်တာ တားမြစ်ထားပေမယ့် အခုဖြစ်ရပ်အတွက်တော့ဘယ်လိုမှပြသနာမရှိဘူးလို့ဆိုပါတယ်၊

Diego Costa ဟာပြီးခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ပါဝင်ကစားခွင့် မရရှိခဲ့တာကြောင့် လေ့ကျင့်ရေးအကျီင်္ကို Mourinho ဘက်ပစ်ခဲ့တဲ့ လုပ်ရပ်အတွက် ဝေဖန်သံတွေ ဆူညံခဲ့ပါတယ်၊

ချဲလ်ဆီးအသင်းကလည်း သူ့ကိုရောင်းထုတ်ဖို့လုပ်နေပြီဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့တာပါ၊

ဒါပေမယ့် Mourinho ကတော့ သူကျွန်တော့်ကို အပ်ါထပ် အကျီင်္တစ်ထည်နဲ့တော့ နာကျင်အောင် လုပ်မှာမဟုတ်ပါဘူး၊ သူနဲ့ကျွန်တော့်အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပါတယ်၊ ဘာပြသနာမှ မရှိပါဘူးလို့ ပြောကြားခဲ့ပါတယ်။



(Matheu)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref: Daily Mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment