Powered by Blogger.

လိဂ်ဖလားအတွက် ရည်ရွယ်ထားတဲ့ ကြိုးကြာနီတွေရဲ့ အနောက်တိုင်းဝတ်စုံ





လီဗာပူးလ်စတားတွေကတော့ သူတို့အသင်းရဲ့ အနောက်တိုင်းဝတ်စုံတွေကို မိတ်ဆက်ခဲ့ကြပြီး ပရိသတ်အတော်များများကတော့ သဘောတွေ့ခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ရဲ့ suit တွေကိုတော့ Hugo Boss က စပွန်ဆာပေးထားတာဖြစ်ပြီး အတော်လေးကို မျက်စိပသာဒ ရှိတာကို တွေ့ရပါတယ်။


 လိဂ်ဖလားဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ ကြိုးကြာနီတွေဟာ ကွာတားဖိုင်နယ်ဂိုးသွင်းရှင်တွေဖြစ်တဲ့ Sturridge , Origi တို့အပြင် ဖန်တီးရှင် Emre Can ကလည်း ဝတ်စုံမော်ဒယ်အဖြစ်  ဓာတ်ပုံအရိုက်ခံခဲ့ကြပါတယ်။ အကယ်လို့ လီဗာပူးလ်အသင်းသာ စတုတ်အသင်းကို ကျော်ဖြတ်ပြီး လိဂ်ဖလားမှာ ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ရင် ဒီဝတ်စုံကို ဝတ်ဆင်သွားဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။


ဒီဝတ်စုံနဲ့ အလိုက်ဖက်ဆုံးဖြစ်နေတာကတော့ ဒါဇင်ဝက်အောင်ပွဲမှာ အရေးပါခဲ့တဲ့ တိုက်စစ်မှူး Sturridge ဖြစ်ပြီး ခန့်ခန့်ညားညားနဲ့ ကြည့်ကောင်း နေခဲ့ပါတယ်။ သူတို့ဟာ ဇန်နဝါရီလအတွင်းမှာ စတုတ်အသင်းနဲ့ ဆီမီးဖိုင်နယ်အဖြစ် ကစားရမှာဖြစ်ပြီးတော့ ဖေဖော်ဝါရီလအတွင်းမှာတော့ ဖိုင်နယ်ပွဲစဉ်ကို ကစားရမှာပါ။

လီဗာပူးလ်အသင်းဟာ ဂျာမန်နိုင်ငံသား နည်းပြ Klopp ရောက်လာတည်းက အကောင်းဆုံး ခြေစွမ်းကို ပြန်လည် ပြသနိုင်ခဲ့ပြီး ဝင်ဘလေကွင်းမှာ ကြိုးကြာနီတို့က လိဂ်ဖလားနဲ့အတူ အောင်ပွဲခံဖို့ မျှော်မှန်းနေတာပါ။

လိဂ်ဖလားမှာတော့ လီဗာပူးလ်အသင်းအနေနဲ့ မန်စီးတီး၊ အဲဗာတန် စတဲ့ အသင်းကြီးတွေ ကျန်နေသေးလို့ အကြိတ်အနယ် ယှဉ်ပြိုင်ရအုံးမှာဖြစ်ပေမယ့်လည်း လှပတဲ့ အနောက်တိုင်းဝတ်စုံနဲ့ တံဆိပ်တစ်ခုခု ကတော့ အလိုက်ဖက်ဆုံးဖြစ်နေမှာပါပဲ။




(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment