Powered by Blogger.

Lewandowski ကို ခေါ်ယူဖို့ နီးစပ်လာတဲ့ ရီးရဲလ်မက်ဒရစ်




ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းတိုက်စစ်မှူး Lewandowski ကို ခေါ်ယူဖို့အတွက် အခွင့်အရေးကောင်းတွေကို ပိုင်ဆိုင်လာတယ်လို့ သိရပါတယ်။ သူတို့ဟာ အသင်းနဲ့ အဆင်မပြေဖြစ်လာတဲ့ တိုက်စစ်မှူး Ronaldo နေရာမှာ အစားထိုးမှုတွေပြုလုပ်နိုင်ဖို့ ကြိုးစားလာတာပါ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ  Lewandowski ကို နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ဖူးပြီးတော့  ဘိုင်ယန်မြူးနစ်အသင်းက နှစ်ကြိမ်လုံးပယ်ချခြင်းခံခဲ့ရတာပါ။


ဒါပေမယ့်လည်း အခုအချိန်မှာတော့ ရီးရဲလ်အသင်းဟာ  Lewandowski ကို ခေါ်ယူနိုင်ဖို့အတွက် အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်လာပြီးတော့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ Kucharski ဟာ ဘွန်ဒက်စ်လီဂါကနေ လာလီဂါ ကြီးမားတဲ့ ပြောင်းရွှေ့မှုတစ်ခုကို ပြုလုပ်ဖို့ ရီးရဲလ်အသင်းနဲ့ အနီးကပ် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ဘိုင်ယန်အသင်းရဲ့ ဥက္ကဌ Rummenigge ကတော့ ကစားသမားကို ရောင်းချသွားမှာ မဟုတ်ပါဘူးလို့ ပိုလန်သတင်းဌာနတွေကို ပြောပါတယ်။
" ရီးရဲလ်ဥက္ကဌ  Perez က ကျွန်တော့်မိတ်ဆွေပါ။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ ဒီကစားသမားကို ရောင်းချသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ငွေလိုတိုင်း ထုတ်ရောင်းနေမယ့်အသင်းမဟုတ်ပါဘူး။ ကျွန်တော့်တို့က ကစားအားကောင်းပြီးတော့ စွမ်းဆောင်ရည်ကောင်းတဲ့အသင်းပါ။ Robert က ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်နေလို့ပါ " လို့ ပြောပါတယ်။


ရီးရဲလ်အသင်းကတော့ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ Ronaldo နေရာမှာ အကောင်းဆုံး အစားထိုးမှုပြုလုပ်ဖို့ ကြိုးစားနေတာဖြစ်ပြီးတော့ James Rodriguez နဲ့ Gareth Bale တို့ကိုတော့ အသင်းမှာဆက်ထိန်းထားမှာ ဖြစ်ပါတယ်။ သူတို့ဟာ Lewandowski အတွက် အနည်းဆုံး ပေါင်သန်းငါးဆယ်လောက် သုံးရဖွယ် ရှိနေပြီး အဓိက ပစ်မှတ်အနေနဲ့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့် ကစားသမားရဲ့ အေးဂျင့်နဲ့တော့ အခြေအနေတွေ ကောင်းနေပေမယ့်လည်း ကစားသမားမရောင်းချင်တဲ့ ကလပ်အသင်းကြားမှာ Lewandowski နဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ တတိယအကြိမ်မြောက် အပြောင်းအရွှေ့သတင်းတွေက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။





(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : AS



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment