Powered by Blogger.

ဘာစီလိုနာမှာပဲ Messi နဲ့ အချိန်အတော်ကြာ ဆက်ရှိနေမယ်လို့ Suarez ပြော








ဘာစီလိုနာတိုက်စစ်မှူး Suarez ဟာ ဘာစီလိုနာအသင်းမှာ အကောင်းဆုံးခြေစွမ်းပြလျက်ရှိပြီး သူ့အနေနဲ့ အသင်းကို စွန့်ခွာတော့မှာ မဟုတ်ဘဲ ကစားသမားဘဝကိုပါ ဘာစီလိုနာအသင်းမှာပဲ ကုန်ဆုံးသွားတော့မှာဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ နေစီယွန်နယ်အသင်းမှာ ဘောလုံးသမားဘဝကို အစပြုခဲ့ပြီး ဂရိုနင်ဂျန် ၊ အေဂျက်စ် စတဲ့အသင်းတွေမှာ ကစားခဲ့ရပြီး လီဗာပူးလ်အသင်းကိုရောက်ရှိလာခဲ့တာပါ။


လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် သူ့ကစားဖို့ အိပ်မက်မက်ခဲ့တဲ့ ဘာစီလိုနာအသင်းက ပေါင် ၇၅ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ သူဟာ နျူးကမ့်မှာတော့ ၂၀၁၉ အထိ စာချုပ်ချုပ်ဆိုထားပြီး ဒီရာသီမှာ အသင်းအတွက် ၁၂ ဂိုး သွင်းယူထားပေးနိုင်ပြီး ဘာစီလိုနာအသင်းကို လာလီဂါဇယားထိပ်မှာရပ်တည်နိုင်အောင်အကောင်းဆုံးအထောက်အကူပြုပေးထားနိုင်တာလည်း ဖြစ်ပါတယ်။

ဥရုဂွေးနိုင်ငံသား Suarez ကတော့ သူ့အနေနဲ့ ကတ်တလန်မြေက ထွက်ခွာဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘဲ အသင်းဖော် Messi ဟာလည်း အသင်းကို စွန့်ခွာသွားနိုင်ချေမရှိဘူးလို့ ပြောပါတယ်။ " တခြားအသင်းတွေက ကျွန်တော့်ကို အခုလစာထက် သုံးဆပိုပေးမယ်ဆိုရင်တောင် အသင်းကို စွန့်ခွာသွားမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီအသင်းကို ရောက်ဖို့အတွက် အများကြီးအနစ်နာခံခဲ့ရတယ်။ ကျွန်တော် ဒီအသင်းမှာ ကစားခွင့်ရဖို့ အမြဲအိပ်မက်မက်ခဲ့ရတာ။ ကျွန်တော့် မိသားစုလည်း ဒီမှာ ပျော်ပါတယ်။ ဒီမြို့လေးကိုလည်း ကျွန်တော်ရဲ့ လက်တစ်ဖက်လိုပဲ အလေးထားပါတယ် " လို့ ပြောပါတယ်။


ဒါ့အပြင် လာမယ့်နွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေတဲ့ ဂိုးသွင်းဖော် Messi ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း Suarez က " ကျွန်တော် ဒီမှာ နှစ်ပေါင်းများစွာ ကစားသွားမှာပါ။ မက်ဆီလည်း ထွက်ခွာနိုင်ချေ မရှိနိုင်ပါဘူး။ သူကလည်း ဒီမှာပျော်နေသလို သူ့ရဲ့ မိသားစုလည်း အဆင်ပြေနေတယ်။ သူက ပါရမီရှင် ကစားသမားတစ်ယောက်ပါ။ သူက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် နှစ်ပေါင်းများစွာ ဆက်ရှိနေပါလိမ့်မယ် " လို့ ပြောခဲ့ပါတယ်။




(Paing A K)


# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Express
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment