Powered by Blogger.

မန်ယူနောက်ခံလူ Rojo ပခုံးဒဏ်ရာကြောင့် ရက်သတ္တပေါင်းများစွာ အနားယူရနိုင်ဖွယ်ရှိနေ








မန်ယူအသင်းရဲ့ အရေးပါတဲ့ ဘယ်နောက်ခံကစားသမား Marcos Rojo ဟာ ဆိုရင်တော့ လေ့ကျင့်ရေးကွင်းမှာ ပခုံးဒဏ်ရာရခဲ့လို့ ရက်သတ္တပတ်အတော်များများကို ကုသမှုခံယူရင်း အချိန်ကုန်ဆုံးရတော့မှာပါ။ မန်ယူသတင်း အရင်းအမြစ်တွေအရတော့ အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားသားဟာဆိုရင်တော့ ဒီဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်ပြီ်းတော့ အချိန်အတော်ကြာ အနားယူရမယ်လို့ သိရပါတယ်။သူ့ရဲ့ ဒဏ်ရာကိုတော့ ချက်ချင်းပဲ စကန်ဖတ်ခဲ့ကြပြီးတော့ ဒဏ်ရာဟောင်းပြန်မပေါ်လာဖို့ကိုသာ မျှော်လင့်လျက် ရှိနေကြပါတယ်။

 သူဟာ   အရင်ရာသီ မန်ချက်စတာဒါဘီမှာ ပခုံးအဆစ်လွဲဒဏ်ရာကို အပြင်းအထန်ခံစားခဲ့ရခဲ့တာဖြစ်ပြီး  ပွဲအတွင်းကနေ အောက်စီဂျင်ပေးပြီး သယ်ထုတ်ခဲ့ရဖူးပါတယ်။ သူရဲ့ ဒဏ်ရာဟာ နည်းပြ Van Gaal အတွက် အကျပ်ရိုက်စေခဲ့ပြီး နောက်ထပ်ဘယ်နောက်ခံကစားသမားဖြစ်တဲ့ Luke

Shaw ဟာလည်း ခြေထောက်ကျိုးဒဏ်ရာကြောင့် စက်တင်ဘာလတည်းက အနားယူနေရတာပါ။ ဒီဒဏ်ရာဟာ Rojo အတွက်လည်း ထိုးနှက်ချက်ဖြစ်ခဲ့ပြီး ရာသီကြို အမေရိကန် ခြေစမ်းခရီးစဉ်တွေနဲ့ ရာသီအစငါးပတ်ကိုပါ  ကြံခိုင်ရေးမပြည့်ဝခဲ့တာကြောင့် လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ စက်တင်ဘာလအတွင်းက ကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာရှိနေတာကို ဆေးအဖွဲ့ကို အသိမပေးခဲ့လို့ နည်းပြ Van Gaal ရဲ့ အမျက်တော်ရှခဲ့ဖူးတယ်လို့ သိရပါတယ်။


ဒါ့ကြောင့် Rojo ဟာ နည်းပြ Van Gaal အတွက်တော့ အကျိုးမပြုနိုင်တဲ့ နောက်တန်းကစားသမားလို ဖြစ်နေခဲ့ပြီးတော့ လာမယ့်အပြောင်းအရွှေ့တွေမှာ ဘယ်နောက်ခံလူနေရာအတွက် ကစားသမားသစ်ခေါ်ယူဖို့ တွန်းအားတစ်ရပ်ဖြစ်လာခဲ့ပါတယ်။



(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment