Powered by Blogger.

Klopp ရဲ့ မေ့လို့ မရတဲ့ အရှုံး




လီဗာပူးလ်အသင်းရဲ့ ဂျာမန်လူမျိုးနည်းပြ Klopp ကတော့ အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြသက်တမ်းနှစ်လနီးပါးမှာ အသင်းကို ဆယ့်တစ်ပွဲအထိကိုင်တွယ်ခဲ့ပြီးတော့ ခုနစ်ပွဲနိုင် ၊ သုံးပွဲသရေကျခဲ့ပြီး ၊ တစ်ပွဲသာ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း Klopp ဟာ သူ့ရဲ့ လီဗာပူးလ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ မေ့မရနိုင်တဲ့ အရှုံးရှိခဲ့ပါသတဲ့။

သူရှုံးခဲ့တဲ့ပွဲစဉ်ကတော့ နိုင်ငံတကာပွဲစဉ်တွေအပြီး သူလီဗာပူးလ်အသင်းနည်းပြသက်တမ်းတစ်လပြည့်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နည်းပြ Pardew ရဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်ပါပဲ။ အဲ့ဒီပွဲမှာ လီဗာပူးလ်အသင်းဟာ နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတော့ နည်းပြနှစ်ယောက်ကြား ပြိုင်ဆိုင်မှုကလည်း အတော်လေးကို ပြင်းထန်ခဲ့တာကို တွေ့ရပါတယ်။

Klopp ဟာ  လီဗာပူးလ်ကို ကိုင်တွယ်တာ တစ်လပြည့်ခဲ့တဲ့နေ့မှာ အောင့်သက်သက်အရှုံးကို လက်ခံခဲ့ရပြီးတော့ တစ်လပြည့် အထိမ်းအမှတ်ကို ခါးသီးစွာဖြတ်သန်းခဲ့ရတယ်လို့ သိရပါတယ်။ " ကျွန်တော်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို တစ်ခါတစ်လေ ပြောင်းလဲပစ်ချင်တယ်။ ကျွန်တော် ပဲလေ့စ်နဲ့ပွဲရဲ့ အရှုံးကို လုံးဝကို မေ့မရခဲ့ဘူး။ အဲ့ဒီပွဲကို နိုင်ခဲ့မယ်ဆိုရင်တော့ ဒီအချိန်မှာ OK လို့ပဲ ပြောမိပါလိမ့်မယ်။ ရာသီတစ်ခုမှာ ရလဒ်ကောင်းဖို့ဆိုတာ ရာသီကြိုတည်းကရင်း စီစဉ်ထားရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော် အောက်တိုဘာလမှ ရောက်ခဲ့တယ်။ ကျွန်တော့်မှာ ပြင်ဆင်ချိန်မရခဲ့ဘူး။ ဒါပေမယ့်အဆင်ပြေပါတယ်။ အခုထက်ထိတော့ ဒီလောက်အဆင်မချောဖြစ်တာ မရှိသေးဘူး။ " လို့  Klopp က ပြောပါတယ်။

လီဗာပူးလ်အသင်းကတော့ အခုနောက်ပိုင်းမှာ ခြေစွမ်းပြန်မှန်လာပြီး   ဆောက်သမ်တန်အသင်းနဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ကိုလည်း ဂိုးဒါဇင်ဝက်သွင်းနိုင်ခဲ့ပါတယ်။လီဗာပူးလ်အသင်းကတော့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်  နယူးကာဆယ်အသင်းနဲ့ အဝေးကွင်းမှာ  ရင်ဆိုင်ရမှာပါ။




(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
 
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment