Powered by Blogger.

အာဆင်နယ် ကွင်းလယ်လူ Cazorla ရဲ့ ဒူးဒဏ်ရာပြင်းထန်တာကြောင့် သုံးလလောက် အနားယူရနိုင်






အာဆင်နယ်အသင်းအတွက် အထိနာစရာကိစ္စတွေက နောဝစ်ခ်ျနဲ့ပွဲမှာ များခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ဒဏ်ရာရခဲ့တဲ့ ကွင်းလယ်လူ Cazorla  ရဲ့ဒဏ်ရာက မပြင်းထန်ဘူးလို့ ခန့်မှန်းခဲ့ပေမယ့်လည်း ဒူးအရွတ် စုတ်ပြဲသွားတာကြောင့် သုံးလလောက်အနားယူရတော့မယ်လို့ သိရပါတယ်။ ဒါဟာ ဂန်းနားတွေအတွက်တော့ သတင်းဆိုးတစ်ခုဖြစ်ခဲ့ရပြီး လာမယ့်အပြောင်းအရွှေ့တွေမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ တွန်းအားဖြစ်လာခဲ့ပါတယ်။


သူတို့ဟာ ခြေစွမ်းပြလျက်ရှိတဲ့ အထိုင်ကွင်းလယ်ကစားသမား Coquelin ကိုလည်း ဒူးဒဏ်ရာကြောင့်ပဲ သုံးလလောက်အနားပေးထားရတာကြောင့် သူတို့ရဲ့ ပထမဦးစားပေး အထိုင်ကွင်းလယ်လူ နှစ်ယောက်လုံးကို နောက်နှစ် မတ်လလောက်အထိ လက်လွှတ်ရတော့မယ့် အခြေအနေတွေ ဖြစ်သွားခဲ့ပါတယ်။

ဒီလို ဒဏ်ရာပြဿနာတွေဟာ အသင်းရဲ့နည်းပြ Arsene Wenger ကို အကျပ်ရိုက်စေခဲ့ပြီးတော့ ဒဏ်ရာရနေတဲ့ Cazorla ကို လူစားမလဲခဲ့ဘဲ ပွဲချိန်ပြည့် ကစားစေခဲ့တဲ့ Wenger ကို မေးခွန်းထုတ်စရာလည်း ဖြစ်လာခဲ့ပါတယ်။Wenger ကတော့ Cazorla ဟာ ပွဲချိန်တစ်ခုလုံးမှာ ခြေထောက်တစ်ဖက်တည်းနဲ့ ကစားခဲ့ရတယ်လို့ဆိုခဲ့ပြီး ဒဏ်ရာရာနေတဲ့ ကစားသမားကို လူစားမလဲခဲ့တဲ့ သူ့ကို လက်ညှိုးထိုးစရာတွေ ဖြစ်လာခဲ့တာပါ။


 ဒါ့အပြင်  အာဆင်နယ်အသင်းဟာ  အဓိက ကစားသမား Sanchez ကိုလည်း တံကောက်ကြောဒဏ်ရာကနေ ပြန်သက်သာလာစေဖို့အတွက် ကာလတိုအနားပေးရအုံးမှာပါ။ Sanchez ဟာဆိုရင်တော့ ချီလီနိုင်ငံကို ပြန်ခွင့်ရရှိထားပြီး သူ့ရဲ့ ပြန်လည်ကြံ့ခိုင်ရေး အစီအစဉ်တွေကိုတော့ ချီလီအသင်းဆရာဝန်တွေနဲ့အတူ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Arsene Wenger ဟာ Sanchez ကို ဒီလအတွင်းမှာ ပွဲပန်ုးမှုမရှိရအောင် ပြုလုပ်ပေးသွားဖို့ စီစဉ်ထားပြီး လာမယ့် ဆန်းဒါးလန်း ၊ အိုလံပီယာကော့စ် နဲ့ အက်စတွန်ဗီလာအသင်းတို့နဲ့ ပွဲစဉ်သုံးပွဲမှာ သူမပါဝင်ဖို့ သေချာသလောက် ရှိနေတာလည်းဖြစ်ပါတယ်။ Sanchez ရဲ့ ဒဏ်ရာဟာ ယခင်ထင်သလောက် ပြင်းထန်မှု မရှိခဲ့ဘဲ  ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကစားမယ့် မန်စီးတီးနဲ့ ပွဲစဉ်မှာတော ပါဝင်မယ်ဆိုတာ မသေချာသေးပေမယ့်  အသင်းနဲ့ ဘောက်ဆင်ဒေးပွဲစဉ်တွေ အားလုံးကိုတော့  ဖြတ်သန်းသွားနိုင်ဖွယ် ရှိတယ်လို့တော့  သိရပါတယ်။





(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment