အသင်းနဲ့ လေးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ Gary Cahill
ချယ်လ်ဆီးအသင်းရဲ့ အဓိက ခံစစ်ကစားသမားဖြစ်တဲ့ Gary Cahill ကတော့ အသင်းနဲ့ လေးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးတော့ ၂၀၁၉ အထိ ဆက်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။ ဘော်လ်တန်အသင်း ကစားသမားဟောင်းကတော့ ချယ်လ်ဆီးအသင်းမှာ ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ၊ အက်ဖ်အေဖလား ၊ လိဂ်ဖလား ၊ ပရီးမီးယားလိဂ်ဖလားတွေကိုပါ ရယူနိုင်ခဲ့ပြီးတော့ နှစ်ရာသီဆက်တိုက် PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားစာရင်းမှာလည်း ပါဝင်နိုင်ခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ် ကစားသမားကတော့ အခုလို စာချုပ်ကြောင့် အသင်းမှာ ကာလရှည်ဆက်ရှိနေတော့မှာ ဖြစ်ပြီး အကောင်းဆုံး ကစားသွားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ Cahill ကတော့ " ကျွန်တော်အရမ်းကို ကျေနပ်မိပါတယ်။ အခုလို ကြီးကျယ်တဲ့အသင်းက ကျွန်တော့်ကို ယုံကြည်ကြည်နဲ့ ဆက်ရှိနေစေချင်သေးတာကို သိလိုက်ရလို့ပါ။ ကျွန်တော် ဒီမှာ အောင်မြင်မှု အတော်များများကို ရယူနိုင်ခဲ့ပြီးတော့ အခုထက်ထိလည်း လိုအပ်တာတွေကို သင်ယူနေဆဲပါ။ အသင်းကို အကောင်းဆုံး အထောက်အကူပြုနိုင်ပြီး ဖလားလမ်းကြောင်းတွေဆီကို
နောက်ထပ်လေးနှစ်အထိ ပို့ဆောင်ပေးနိုင်မယ်လို့ ထင်ပါတယ်။ " လို့ ပြောပါတယ်။
သူရဲ့ လစာဘယ်လောက်ရလာမယ်ဆိုတာကတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ Cahill ကတော့ ချယ်လ်ဆီးအသင်းအတွက် ၁၇၇ပွဲအထိ ကစားပေးထားပြီးတော့ ၁၅ ဂိုးအထိ သွင်းယူပေးထားတယ်လို့ သိရပါတယ်။ သူဟာ အင်္ဂလန်အသင်းအတွက်လည်း ပွဲ ၄၀ကစားပေးထားခဲ့ပြီး နိုင်ငံအတွက်တော့ လောက်လောက်လားလား အောင်မြင်မှု မရသေးပါဘူး။ ဒါ့ကြောင့် ချယ်လ်ဆီးအသင်းကတော့ နောက်ခံတံတိုင်းတစ်ခုကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့တယ်ဆိုတာကို အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာလည်း ကြေညာထားပါတယ်။
(Paing A K)
# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : ChelseaFc.com
0 comments :
Post a Comment