Powered by Blogger.

ကစားသမားဘဝကို ရီးရဲလ်မှာပဲ အဆုံးသတ်သွားမယ့် Ronaldo





ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး Ronaldo အနေနဲ့တော့ အသင်းပြောင်းရွှေ့သွားမှာ မဟုတ်ဘဲ ရီးရဲလ်မက်ဒရစ်မှာပဲ ကစားသမားဘဝကို အဆုံးသတ်သွားမှာဖြစ်တယ်လို့ ကစားသမားရဲ့ အနီးစပ်ဆုံးအေးဂျင့်ဖြစ်တဲ့ Jorge Mendes က ပြောပါတယ်။ ရီးရဲလ်ရဲ့ ဂိုးသွင်းစက်ဟာ လာမယ့်အနာဂတ်မှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီကို ပြောင်းရွှေ့လိုနေပြီး ပီအက်စ်ဂျီနည်းပြ Blanc နဲ့ ခင်မင်တာကြောင့် အပြောင်းအရွှေ့တွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေ ပြုလုပ်နေပါတယ်။
အသင်းဟောင်း မန်ယူကိုလည်း ပြန်လည်ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သတင်းတွေဟာလည်း Jorge ရဲ့ စကားကြောင့် လေထဲမှာတင် ပျောက်ကွယ်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း Globe Soccer Award မှာ အကောင်းဆုံးအေးဂျင့်ဆုကို လက်ခံရယူခဲ့တဲ့ Mendes ကတော့ သူ့ရဲ့ ကစားသမားဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါမှာပဲကျန်ရှိနေမယ်လို့ ပြောလိုက်ပါတယ်။ " သူဟာ အကောင်းဆုံး ကစားသမားတစ်ယောက်ပါပဲ။ ကျွန်တော်ထင်တယ်။ သူကတော့ နောက်ထပ် လေး ၊ ငါး ၊ ခြောက်နှစ်လောက် ဆက်ကစားသွားနိုင်အုံးမှာဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝကို  ရီးရဲလ်မှာပဲ အဆုံးသတ်သွားအုံးမှာပါ။ သူဟာ မက်ဒရစ်မှာ ပျော်ရွှင်နေပြီး အသက်လေးဆယ်လောက်အထိ ဒီမှာ ကစားသွားဖို့ မျှော်မှန်းနေပါတယ် " လို့ Jorge Mendes က ပြောပါတယ်။

Ronaldo ဟာ အခုလောလောဆယ်မှာတော့ လာလီဂါရဲ့ ဆောင်းရာသီအားလပ်ရက်ကြောင့် အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး  Miami Heat အသင်းနဲ့ Detroit Pistons တို့ရဲ့ ဘတ်စကတ်ဘောပွဲစဉ်ကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာဆိုရင်တော့ အခုလောလောဆယ်မှာ လာလီဂါအမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရောက်ရှိနေပြီး ခြေစွမ်းကောင်းတစ်ခုရရှိဖို့ မတည်ငြိမ်ဖြစ်နေသေးတာကြောင့် ဝေဖန်ခံနေရတယ်လို့လည်း သိရပါတယ်။




Mocha

#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment