Powered by Blogger.

ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖွယ်ရှိနေတဲ့ ဘရာဇီးနောက်ခံလူ ဖီလစ်ပီလူးဝစ်ဇ်


ဘရာဇီးလက်ရွေးစင်အသင်းရဲ့ အဓိကနောက်ခံလူ ဖီလစ်ပီလူးဝစ်ဇ်ဟာ ဒဏ်ရာပြသနာကြောင့် လာမယ့်ကမ္ဘာ့ဖလားကို လွဲချော်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အက်သလက်တီကိုမက်ဒရစ် နောက်ခံလူဟာ လိုကိုမိုးတစ်မော်စကို အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ အဝေးကွင်း ယူရိုပါလိဂ် ပွဲစဉ်မှာ ပြိုင်ဘက် ကစားသမား အီဒါနှင့် ထိခိုက်မိကာ ယင်းဒဏ်ရာကို ရရှိခဲ့ပြီး အက်သလက်တီကိုမက်ဒရစ် အသင်းကလည်း ဒဏ်ရာအခြေအနေကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

 အသက် ၃၂ နှစ် အရွယ်ရှိ ခံစစ်မှူးဟာ ယခုလ အတွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ရုရှား၊ ဂျာမနီ အသင်းများနှင့် ခြေစမ်းပွဲ အတွက် ဘရာဇီး အသင်း နည်းပြ တီတီ ရွေးချယ်ထားတဲ့ အသင်း လူစာရင်းမှာ ပါဝင် နေသူလည်း ဖြစ်ပါတယ်။

Mocha

Sport.thithtoolwin.com

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment