Powered by Blogger.

သင်ယူစရာတွေများစွာ ရှိနေသေးတယ်လို့ ပြောကြားလိုက်တဲ့ ပီအက်စ်ဂျီတိုက်စစ်မူးအမ်ဘက်ပီ


ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေက မိုနာကို အသင်းကနေ PSG အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ၎င်း အနေဖြင့် သင်ယူလေ့လာစရာ များစွာ ကျန်ရှိနေကြောင်း ပြောဆိုလိုက်ပါတယ်။ တိုက်စစ်မှူးဟာ နွေရာသီ  အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ  PSG အသင်းကို တစ်ရာသီ အဌားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ PSG အသင်းဟာ အမ်ဘာပေကို လာမယ့်ရာသီမှာ ယူရို သန်း ၁၈၀ နဲ့ အပြီးသတ် ခေါ်ယူမှာ ဖြစ်ပါတယ်။

နယ်သာလန် အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့တဲ့ ပြင်သစ် အသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ အမ်ဘာပေဟာ ပြင်သစ် အသင်း အတွက်ကို ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ် အရွယ်ရှိ အမ်ဘာပေက ကျွန်တော့် အနေနဲ့ အခုလို အသင်းကြီး တစ်သင်းမှာ ပါဝင်ခွင့် ရရှိမှာ ဖြစ်လို့ အရမ်းကို ပျော်ရွှင်မိပါတယ်။ ကျွန်တော့် အတွက်လည်း နောက်ထပ် သင်ယူလေ့လာစရာများပြီး အထောက် အကူ ဖြစ်စေမယ့် အစီအစဉ် တစ်ခုပါ။

 ကျွန်တော့် အနေနဲ့ အခုချိန်မှာတော့ ကလပ်အသင်းမှာရော လက်ရွေးစင် အသင်းမှာပါ အောင်မြင်မှုတွေ ရရှိနေတဲ့ ကစားသမားတွေနဲ့ အတူ အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အမ်ဘာပေဟာ ယခုလ ၈ ရက်နေ့ မက်ဇ် အသင်းနှင့် အဝေးကွင်း ပွဲစဉ်မှာ PSG အသင်း အတွက်ကို ပထမဆုံး ကစားခွင့် ရရှိမယ်လို့ မျှော်လင့်ရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment