Powered by Blogger.

လိင်တူချစ်သူလို့ အထင်ခံနေရတဲ့ လက်ဝှေ့သမားနဲ့ New Year ကို ကြိုဆိုအုံးမယ့် Ronaldo



ရီးရဲလ်မက်ဒရစ် ကမ္ဘာကျော်တိုက်စစ်မှူး Cristiano Ronaldo ကတော့ သူနဲ့ လိင်တူချစ်သူတွေလို့ သတင်းတွေထွက်နေခဲ့တဲ့ မော်ရိုကိုလက်ဝှေ့သမား Badr Hari နဲ့အတူ မော်ရိုကိုနိုင်ငံရဲ့ Marrakech မြို့တော်မှာ New Year ပါတီတစ်ခုကို ပြုလုပ်ဖို့ ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။ အသက်သုံးဆယ်ရှိပြီဖြစ်တဲ့ Ronaldo ဟာ ဒီနေ့ညမှာ ပါတီတစ်ခုကို ပြုလုပ်ဖို့အတွက် Marrakech မြို့က တစ်ညကို ပေါင် ၂၄၀၀ ပေးရတဲ့ ဟိုတယ်တစ်ခုမှာ ဘွတ်ကင်ယူ စီစဉ်လျက်ရှိနေတယ်လို့လည်း အာရပ်သတင်းစာတစ်စောင်က ဖော်ပြခဲ့ပါတယ်။

CR7 ဟာ ဒီဟိုတယ်မှာ ပြီးခဲ့တဲ့ မော်ရိုကို ခရီးစဉ်တွေမှာလည်း တည်းဖူးခဲ့ပြီး ဒီဟိုတယ်ရဲ့ ရေကူးကန်မှာ Badr Hari က Ronaldo ကို ပွေ့ချီထားခဲ့တဲ့ ဓာတ်ပုံကြောင့် သူတို့နှစ်ယောက်ဟာ လိင်တူချစ်သူတွေဖြစ်တယ်လို့ သတင်းတွေထွက်လာခဲ့တာပါ။

Ronaldo ဟာ မော်ရိုကိုနိုင်ငံကိုတော့ ရီးရဲလ်ဆိုစီဒက်နဲ့ပွဲအပြီးမှာ ကိုယ်ပိုင်လေယာဉ်နဲ့ လာရောက်ဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ သူဟာ ရီးရဲလ်အသင်းဖော်ဖြစ်တဲ့ ပြင်သစ်တိုက်စစ်မှူး Benzema ကိုလည်း ဒီပွဲကိုလာရောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

Ronaldo နဲ့နီးစပ်တဲ့သူတစ်ယောက်ရဲ့ အဆိုအရတော့ Ronaldo ဟာ သူ့ရဲ့ ယူရို ၁၃.၅ သန်းတန် ကိုယ်ပိုင်လေယာဉ်ကို မော်ရိုကိုနိုင်ငံကို အသွားအပြန်သွားရောက်ဖို့ အသုံးပြုလျက်ရှိပြီး ရီးရဲလ်အသင်းနဲ့ လေ့ကျင့်ရေးအပြီး အားလပ်ရက်တွေမှာ မော်ရိုကိုနိုင်ငံကို တစ်ပတ်ကို သုံးကြိမ်ထက်မက အမြဲတမ်းသွားရောက်နေတယ်လို့ ပြောပါတယ်။

Ronaldo က တစ်ပတ်အတွင်းမှာတင် မော်ရိုကိုနိုင်ငံကို သုံးကြိမ်ထက်မက သွားရောက်နေရတဲ့ အကြောင်းရင်းကိုတော့ ပြင်သစ် ရုပ်သံတင်ဆက်သူ Riolo က အခုလိုပဲ ပြောပြခဲ့ပါတယ်။
" ကျွန်တော်ထင်တာသေချာပါတယ်။ မော်ရိုကိုနိုင်ငံကို Ronaldo တစ်ပတ်ကို သုံးကြိမ်ထက်မနည်းသွားရောက်နေရတဲ့ အကြောင်းရင်းကတော့ Ronaldo ဟာ သူ့ရဲ့ သူငယ်ချင်းလက်ဝှေ့သမားကို သွားရောက်ပြီးဖက်လှဲတကင်းနေတာပါ။ သူဒီလို ဖက်လှဲတကင်းနေထိုင်မှုတွေဟာ Badr Hari ရဲ့ လက်ဝှေ့စွမ်းရည်ပေါ်မှာ အကျိုးသက်ရောက်နေတယ် " လို့ Riolo က ပြောပြခဲ့တာပါ။

Ronaldo ဟာ ယခုနှစ်အစောပိုင်းမှာ ချစ်သူဖြစ်သူ Irina Shayk နဲ့လမ်းခွဲခဲ့ပြီး သူ့ရဲ့ အချစ်ရေးက ဟိုလိုလို ဒီလိုလို ဖြစ်နေချိန်မှာ အခုလိုပဲ လိင်တူချစ်သူရှိနေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့တာပါ။ နောက်ဆက်တွဲသတင်းတွေကတော့ CR7 က မော်ရိုကိုနိုင်ငံကို မှန်မှန်သွားရောက်နေခဲ့တာဟာဆိုရင်တော့ ပြင်သစ်မော်ဒယ်မလေး Melanie Martins ကို သွားရောက် ပိုးပန်းနေတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။



( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment