Powered by Blogger.

စံချိန်သစ်တစ်ခုကို ရေးထိုးနိုင်ခဲ့တဲ့ ဘာစီလိုနာ





မနေ့ညက ကစားခဲ့တဲ့ လာလီဂါပွဲစဉ်တွေပြီးမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းတင်ရှိထားနိုင်တဲ့ စပိန်ဂိုးသွင်းအများဆုံးကလပ်စံချိန်ကို ဘာစီလိုနာအသင်းက လက်ပြောင်းရယူနိုင်လိုက်ပါတယ်။  မနေ့ညက ဘက်တစ်အသင်းကို လေးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့

ဘာစီလိုနာဟာ ၂၀၁၅ အတွင်း သွင်းဂိုး ၁၈၀ အထိရှိသွားခဲ့ပြီး မနှစ်က စံချိန်တင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ၁၇၈ ဂိုးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ၂၀၁၅ အတွင်း ဘာစီလိုနာရဲ့သွင်းဂိုး ၁၈၀ မှာ ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် MSN တိုက်စစ်အတွဲရဲ့ သွင်းဂိုးက ၇၅ ရာနှုန်းလောက်ပါဝင်ခဲ့ပြီး

Messi နဲ့ Suarez တို့က ၄၈ ဂိုးစီနဲ့ Neymar က ၄၁ ဂိုးသွင်းယူပေးခဲ့တာပါ။ ၂၀၁၅ ကတော့ ဘာစီလိုနာအတွက် အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့နှစ်ဖြစ်ပြီး နောက်ဆုံးရရှိခဲ့တဲ့ ကမ္ဘာ့ကလပ်များဖလားအပါအဝင် ဆုဖလားငါးခုအထိလည်း ရယူနိုင်ခဲ့ပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Globe Soccer ဆုပေးပွဲမှာလည်း ဘာစီလိုနာအသင်းက တစ်နှစ်တာအကောင်းဆုံးအသင်းဆုကို ရရှိခဲ့တဲ့အပြင် အဆွဲဆောင်နိုင်ဆုံးအသင်းဆုကိုလည်း ရရှိခဲ့ပါသေးတယ်။

ဒါ့အပြင် တိုက်စစ်မှူး Messi က လည်း ဘာစီလိုနာအသင်းအတွက် ကစားပေးခဲ့တာ ပွဲ ၅၀၀ ပြည့်မြောက်ခဲ့ပြီး ၄၂၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ 




( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Skysports
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment