Powered by Blogger.

နည်းပြ Mourinho ကို ရာထူးမှ ဖယ်ရှားပြီးနောက် လှုပ်ခတ်လာတဲ့ ချယ်လ်ဆီးရဲ့အနာဂတ်


ချယ်လ်ဆီးနည်းပြ Mourinho ကို ရာထူးကနေ ထုတ်ပယ်လိုက်တဲ့နောက်မှာတော့ သူ့နေရာကို အစားထိုးဝင်ရောက်ဖို့အတွက် နည်းပြသစ်တွေကလည်း သူ့ထက်ငါအပြိုင်ရေပန်းစားလာပါပြီ။ နည်းပြ Mourinho ဟာ ချယ်လ်ဆီးအသင်းမှာ စံချိန်တင်ရလဒ်ဆိုးတွေကို ရင်ဆိုင်ခဲ့ရပြီးတော့ ကြာသပတေးနေ့ ညနေမှာ နည်းပြရာထူးကနေ ဖယ်ရှားခံလိုက်ရပါတယ်။ သူဒီလို နည်းပြ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာကိုတော့ ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိသတ်တွေ အကုန်လုံးအံ့အားသင့်ခဲ့ကြပြီး သူ့ကို သစ္စာဖောက်သလိုဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းသားတွေကိုသာ ဝိုင်းပြီး အပြစ်မြင်ခဲ့ကြပါတယ်။


နည်းပြ Mourinho ဟာ ရာထူးကနေ မဖယ်ရှားခံရခင် နာရီပိုင်းအလိုမှာ ချယ်လ်ဆီးအသင်းနဲ့အတူ ခရစ္စမတ်နေ့လည်စာကို စားသုံးခဲ့ပြီး အဲ့နောက်မှာတော့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ ဒီလိုအခြေအနေတွေကြောင့် ချယ်လ်ဆီးနည်းပြရာထူးကို ယာယီ တာဝန်ယူဖို့အတွက် နည်းပြဟောင်း Guus Hiddink က ရေပန်းစားလာခဲ့ပါတယ်။ နောက်ပိုင်း သက်တမ်းရှည်စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက်တော့ ဘိုင်ယန်မြူးနစ်နည်းပြ Pep Guardiola , အက်သလက်တီကို အသင်းနည်းပြ Diego Simeone နဲ့ နည်းပြဟောင်း Ancelloti တို့က ရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်။


ဒီလိုနည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာကို အသင်းပိုင်ရှင် Abramovich က ဘုတ်အဖွဲ့အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ချက်ချခဲ့တာပါ။ ဒီလို Mourinho ကို ထုတ်ပယ်ခဲ့ဖို့ အဓိက တွန်းအားပေးခဲ့သူကတော့ Mourinho နဲ့ အနည်းငယ်ပြဿနာရှိတယ်လို့ သတင်းတွေထွက်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းစနစ်ဒါရိုက်တာ Emenalo ရဲ့ စနက်ကြောင့်လို့ ယူဆလျက်လည်း ရှိကြပါတယ်။ Emenalo ဟာ အသင်းပိုင်ရှင်  Abramovich ရဲ့ လက်ရုံးတစ်ယောက်ဖြစ်ပြီး နည်းပြရာထူးကနေ Mourinho ကို ဖယ်ရှားဖို့ Abramovich ကို ဖိအားပေးခဲ့ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။





(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com


Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment