Powered by Blogger.

Aguero ပြန်ပါလာပြီး အာဆင်နယ်နဲ့ ပွဲအတွက် လူစုံနေတဲ့ မန်စီးတီး



မန်စီးတီးအသင်းရဲ့ အားထားရတဲ့တိုက်စစ်မှူး Aguero ဟာ ဒဏ်ရာကနေပြန်လည်သက်သာလာပြီး လေ့ကျင့်ရေးအစီအစဉ်တွေမှာ အပြည့်အဝပါဝင်နေနိုင်ပြီလို့ သိရပါတယ်။ သူဟယ ခြေဖနောင့် ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး လာမယ့်တနင်္လာနေ့မှာ ကစားမယ့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်ကို ပါဝင်ဖို့ သေချာသလောက်ရှိနေတာလည်း ဖြစ်ပါတယ်။ သူဟာ မန်စီးတီးရဲ့ ပွဲစဉ်လေးပွဲကို လွဲချော်ခဲ့ပြီး ဆောက်သမ်တန်အသင်းကို သုံးဂိုးတစ်ဂိုးနဲ့နိုင်ခဲ့တဲ့ ပွဲမှာ ဒဏ်ရာရခဲ့တာပါ။

သူဟာ ရာသီအစတုန်းကလည်း တံကောက်ကြောဒဏ်ရာကြောင့် မန်စီးတီးရဲ့ ပွဲစဉ်ခုနစ်ပွဲလောက်ကို လွဲချော်ခဲ့တာပါ။ မန်စီးတီးအသင်းကတော့ လူပြန်စုံလာပြီဖြစ်ပြီး အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ Aguero ဟာ ဒဏ်ရာကပြန်သက်သာလာပြီး လေ့ကျင့်ခန်းတွေလုပ်ဆောင်နေပြီလို့ ဖော်ပြခဲ့တာပါ။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ တတိယနေရာကို ရောက်ရှိနေပြီး ဒုတိယနေရာက အာဆင်နယ်နဲ့ တစ်မှတ်ကွာဟလျက်ရှိပါတယ်။



ဒါ့ကြောင့် မန်စီးတီးအသင်းကတော့ လူပြန်စုံလာပြီး အာဆင်နယ်အသင်းနဲ့ တွေ့ဆုံရမယ့်ပွဲအတွက် အကောင်းဆုံးအနေအထားတစ်ရပ်ကို ရောက်နေပြီး လူစုံတက်စုံလေ့ကျင့်နေပါပြီ။ အာဆင်နယ်အသင်းကတော့ ဒဏ်ရာပြဿနာတွေ ရှိနေပေမယ့်လည်း Sanchez တို့ ပြန်ပါလာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဇယားထိပ်ပိုင်းနှစ်သင်းတွေ့ဆုံရမယ့်ပွဲစဉ်ကတော့ စိတ်ဝင်စားစရာကောင်းနေအုံးမှာပါ။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com


Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment