Powered by Blogger.

အသင်းပြောင်းဖို့ အစီအစဉ်မရှိသေးတဲ့ Lucas Moura





အခုတလော အပြောင်းအရွှေ့တွေမှာ နာမည်ထွက်နေတဲ့ ပီအက်စ်ဂျီကွင်းလယ်ကစားသမား Lucas Moura ကတော့ သူ့အနေနဲ့ ပဲရစ်ကို စွန့်ခွာဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူးလို့ ပြောပါတယ်။ သူ့ကို ဥရောပ ထိပ်တန်းအသင်းကြီးတွေ အတော်များများက ခေါ်ယူချင်နေကြပြီး
ပရီးမီးယားလိဂ်အသင်းကြီးတွေက သူ့ကို ဦးစားပေးပစ်မှတ်ထားလာတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ သူဟာ ပေါင်သန်းလေးဆယ်နဲ့ ပီအက်စ်ဂျီအသင်းကို ၂၀၁၃ ဇန်နဝါရီတုန်းက စပြီး ရောက်ရှိလာခဲ့ပါတယ်။  သူဟာ ပီအက်စ်ဂျီအတွက် ပွဲ ၁၃၀ ကစားထားပြီး ၁၉ ဂိုးသွင်းယူထားနိုင်တယ်လို့ သိရပါတယ်။

Moura က သူ့ကို အသင်းကြီးတွေက စိတ်ဝင်စားနေမှုအပေါ် ဝမ်းမြောက်လျက်ရှိပေမယ့်လည်း သူအနေနဲ့ ပြင်သစ်မြေကို စွန့်ခွာဖြစ်မယ်မထင်ဘူးလို့ ပြောပါတယ်။ " ကျွန်တော့်ကို အသင်းကြီးတွေက စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေကို ကျေနပ်မိပါတယ်။ သူတို့က ကျွန်တော့်ရဲ့ ကစားပုံတွေကို စောင့်ကြည့်နေတော့မှာဆိုတော့ လက်ရှိအသင်းမှာ ပိုကြိုးစားပြရတော့မယ်။ ကျွန်တော့်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပီအက်စ်ဂျီမှာပဲ မျှော်မှန်းထားတာတွေ ဖြစ်လာအောင် ကစားသွားဖို့ ပါပဲ " လို့  Lucas Moura က ပြောပါတယ်။

ဒါပေမယ့်လည်း သူ့အနေနဲ့ ပဲရစ်မှာ မပျော်မရွှင်ဖြစ်လာရင်တော့ လာမယ့် အနာဂတ်မှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့နိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။ " ဘောလုံးလောကမှာတော့ မနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာ လူတိုင်းမသိဘူး။ ပရီးမီးယားလိဂ်လို တောင့်တင်းတဲ့ ပြိုင်ပွဲမှာတော့ ကစားသမားတိုင်းက ကစားချင်ကြတယ်။ နောက်လာမယ့် အနာဂတ်မှာ ပရီးမီးယားလိဂ်ကိုပြောင်းဖို့ အခွင့်အရေးရှိရင်တော့ ပြောင်း ကစားဖြစ်နိုင်ပါတယ် " လို့ Moura က ထပ်လောင်းပြောကြားခဲ့ပါတယ်။




(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com


Ref : Goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment