Powered by Blogger.

နောက်တန်းတွေကို အိပ်ငိုက်နေတဲ့ပုံစံနဲ့ ဝေဖန်ခဲ့တဲ့ ချယ်လ်ဆီးတိုက်စစ်မှူး Diego Costa




ချယ်လ်ဆီးအသင်းရဲ့ ပြဿနာတိုက်စစ်မှူး Diego Costa ကတော့ လက်စတာအသင်းနဲ့ပွဲစဉ်မှာ ထူးဆန်းတဲ့ အမူအရာတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ လက်စတာအသင်းရဲ့ တိုက်စစ်မှူး Vardy ဟာ ဦးဆောင်ဂိုးကို သွင်းယူသွားချိန်မှာ Diego Costa  ကတော့ အသင်းရဲ့နောက်တန်းတွေကို အားမလိုအားမရတွေဖြစ်ခဲ့ပြီးတော့ အိပ်ငိုက်နေတယ်ဆိုတဲ့ အမူအရာမျိုးကို ပြုလုပ်ပြခဲ့တာပါ။ Vardy ကတော့ နောက်တန်းတွေဖြစ်တဲ့ Terry , Zouma တို့နှစ်ယောက်ကြားကနေ မြေမကျပိတ်သွင်းယူသွားနိုင်တာပါ။ ဒါ့ကြောင့် Costa ကတော့ နောက်တန်းတွေကို " အိပ်နေ ၊ အိပ်နေ " ဆိုတဲ့ ပုံစံမျိုးကို လက်ဟန်ခြေဟန် လုပ်ပြခဲ့တာပါ။


ဒီလိုပုံစံမျိုးကိုတော့ လီဗာပူးလ်နောက်ခံလူဟောင်း Carragher ကဝေဖန်ခဲ့ပြီး " ဒီလို ကစားသမားမျိုးကတော့ ဒီပွဲမှာတောင် မပါသင့်ပါဘူး။ တစ်ရာသီလုံး ခြေစွမ်းမပြနိုင်ဘဲ အိပ်ပျော်နေသူအစစ်က သူဖြစ်ဆိုတာ သိသင့်တယ်။ သူချယ်လ်ဆီးအတွက် ဘာမှမပေးဆပ်နိုင်သေးဘူး။ ခံစစ်ကစားသမားတွေက သူတို့လုပ်စရာရှိတာလုပ်နေတာပါ။ သူ့အနေနဲ့ ဂိုးသွင်းသွားတဲ့ Vardy ကို အတုယူသင့်တယ် " လို့ ပြောလိုက်ပါတယ်။


Vardy နဲ့ Costa တို့ဟာ ပွဲအတွင်းမှာလည်း အချင်းများခဲ့ကြပြီး Vardy ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်ပုံကြောင့် ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။ ဒီပွဲမှာတော့ ချယ်လ်ဆီးကစားသမားတွေဟာ တက်တက်ကြွကြွ ကစားခဲ့ခြင်းမရှိတာကြောင့် နည်းပြ Mourinho က " အသင်းသားတွေဟာ သူ့ကို သစ္စာဖောက်ခဲ့တယ် " လို့ ညည်းတွားခဲ့ပါတယ်။ ပွဲမပြီးခင်မှာတော့ ချယ်လ်ဆီးတိုက်စစ်မှူး Remy က ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူပေးခဲ့ပေမယ့်လည်း ချယ်လ်ဆီးအသင်းကတော့ ကိုးပွဲမြောက်အရှုံးကို လက်ခံလိုက်ခဲ့ရပါတယ်။





(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com


Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment