Powered by Blogger.

Ramsey ရဲ့ ကွင်းလယ်တိုက်စစ်ကစားပုံကို အနည်းငယ်ပြောင်းလဲသင့်တယ်လို့ Lampard ပြော



အာဆင်နယ်အသင်းရဲ့ တိုးတက်မှုဟာ ကွင်းလယ်မှာ ကစားနေတဲ့ Aaron Ramsey ရဲ့ အံဝင်ခွင်ကျမှုပေါ်မှာ တိုက်ရိုက် အချိုးကျနေတယ်လို့ ချယ်လ်ဆီး ကွင်းလယ်ဗိုလ်ချုပ်ဟောင်း Frank Lampard က ပြောပါတယ်။ အာဆင်နယ်အသင်းဟာ အားထားရတဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ Cazorla , Coquelin တို့ကို ဒဏ်ရာကြောင့် အနားပေးထားရပေမယ့်လည်း လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဇယားထိပ်ပိုင်းကို ရောက်ရှိအောင် စွမ်းဆောင်ထားနိုင်တာပါ။

တနင်္လာနေ့က Sky Sports နဲ့ စကားဝိုင်းမှာတော့ Ramsey ရဲ့ ကွင်းလယ်တိုက်စစ်ကစားပုံဟာ အာဆင်နယ်အသင်းနဲ့ အလိုက်ဖက်ဆုံးဖြစ်တယ်လို့ Lampard က ပြောပါတယ်။ Lampard ကလည်း သူ့ရဲ့ ကစားသမားဘဝတုန်းကတော့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို Ramsey လိုမျိုးနေရာကနေ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ခဲ့သူပါ။

" ကျွန်တော့်ရဲ့ ချယ်လ်ဆီးကစားသမားဘဝကို ပြန်ကြည့်မယ်ဆိုရင်တော့ ချယ်လ်ဆီးကစားသမားဘဝ အဆုံးသတ်ခဲ့ရတဲ့ အချိန်တွေကို ပြောပြပါမယ်။ ကျွန်တော် ကွင်းလယ်တိုက်စစ်ကစားတုန်းက အဆင်ပြေခဲ့ပြီး အသင်းက No.10 role အတွက် ကစားသမားသစ်ဝယ်ယူလိုက်တာကြောင့် ကျွန်တော့် ကစားခွင်က ကွင်းလယ်ခံစစ်သမားဖြစ်သွားတယ်။ "

" ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားကို ရခဲ့တုန်းက ကျွန်တော် ကွင်းလယ်တိုက်စစ်နေရာမှာ ကစားချင်ခဲ့ပေမယ့်လည်း ကွင်းလယ်ခံစစ်ကို ပဲကစားခဲ့ရတယ်။ ကျွန်တော်အတားအဆီးတွေ အများကြီး ကျော်ဖြတ်ခဲ့ရတယ် " လို့ Lampard က ပြောပါတယ်။

အဲ့နောက်မှာတော့ လီဗာပူးလ်နောက်ခံကစားသမားဟောင်း Carragher က " ကျွန်တော်ထင်တာကတော့ သူဟာ Lampard နောက်တစ်ယောက်ပါ။ သူက နောက်ထပ် Gerrard တစ်ယောက်လည်း ဖြစ်နိုင်တာပဲ။ ကျွန်တော်ထင်တာကတော့ သူ့အနေနဲ့ ကွင်းလယ်ခံစစ်မှာ ကစားဖို့တော့ မသင့်တော်ဘူးထင်ပါတယ်။သူ့ကို ကျွန်တော်ကတော့ ကွင်းလယ်တိုက်စစ်ကစားသမားဆန်ဆန်ပဲ ကစားစေချင်တယ် " လို့ ပြောပါတယ်။  Lampard ကလည်း " Jamie ပြောတာမှန်ပါတယ်။ သူ့ကို ကွင်းလယ်ခံစစ်ကစားသမားအဖြစ် ကစားခိုင်းတာကတော့ မလိုက်ဖက်ဘူးလို့ မြင်မိတယ်။ ဒါပေမယ့်လည်း လာမယ့် မန်စီးတီးနဲ့ ပွဲမှာတော့ Wenger က သူ့ကို ခံစစ်ဆန်ဆန် ပြောင်းကစားခိုင်းနိုင်တယ် " လို့ ပြောပါတယ်။




(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment