Powered by Blogger.

ဗလင်စီယာနည်းပြသစ်ဖြစ်လာတဲ့ Gary Neville ကို Ferguson အားပေးစကားပြော




ဗလင်စီယာအသင်းရဲ့ ရာသီကုန်အထိ နည်းပြသစ်ဖြစ်လာတဲ့ Gary Neville ရဲ့ သတင်းကြောင့် အားလုံးအံ့အားသင့်ခဲ့ရပါတယ်။ဗလင်စီယာအသင်းကို သူ့ရဲ့ညီဖြစ်သူ Phil Neville ကလည်း ဇူလိုင်လတည်းက လက်ထောက်နည်းပြအဖြစ် ရောက်ရှိနေခဲ့ပြီးတော့ နည်းပြသစ်ဖြစ်လာမယ့် သူ့အကိုကို စောင့်ဆိုင်းလျက်ရှိပါတယ်။ ဒါ့ကြောင့် ကြီးမားတဲ့နည်းပြတာဝန်ကို ပခုံးထမ်းရတော့မယ့် Gary Neville  အတွက် မန်ယူအသင်းရဲ့နည်းပြဟောင်းနဲ့ Gary Neville   ရဲ့ ဆရာဟောင်းဖြစ်သူ Sir Alex Ferguson က အားပေးစကားပြောလိုက်ပြီး သူဟာ ဒီတာဝန်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

" သူ့မှာ ကောင်းမွန်တဲ့ ကစားသမားဘဝ ရှိခဲ့တယ်။ သူဟာ Sky မှာ ဘောလုံးဝေဖန်သူအဖြစ်လည်း အကောင်းဆုံး လုပ်ဆောင်ခဲ့ဖူးတယ်။ သူက ဘောလုံးကစားသမားဘဝမှာတင်မကပဲ ဘောလုံးလောကနယ်ပယ်ပေါင်းစုံမှာ အောင်မြင်ခဲ့တယ်။ သူ့ရဲ့ ပထမဆုံးနည်းပြအလုပ်က အရမ်းကို ကြီးမားတယ်။ဗလင်စီယာအသင်းဆိုတာ သူ့အတွက်တော့ အတော်တာဝန်ကြီးပြီး သူအကောင်းဆုံး လုပ်ပြနိုင်ပါလိမ့်မယ်။ ဒါဟာ စွဲမက်ဖွယ်စိန်ခေါ်မှုတစ်ခုပါပဲ။ "

" သူ့ရဲ့ ပထမဆုံးကိုင်တွယ်ရမယ့်ပွဲက လိုင်ယွန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပြီးအုပ်စုအဆင့်ကနေတက်ရောက်နိုင်ဖို့ အရေးပါတဲ့ ပွဲပါ။ ရီးရဲလ်မက်ဒရစ် ၊ဘာစီလိုနာ ပြီးရင်တော့ ဗလင်စီယာဟာ လာလီဂါမှာ အကောင်းဆုံးအသင်းတစ်သင်းပါ။ သူကတော့ ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသားချတတ်လို့ အသင်းအတွက် သင့်တော်မယ့်သူ ဖြစ်လာမှာပါ  " လို့ Ferguson ကပြောပါတယ်။

 Ferguson ကပဲ ဆက်ပြောခဲ့တာကတော့ " အဲ့ဒီမှာ Phil ရှိနေတာက သူ့ကို အထောက်အကူအများကြီးရမှာပါ။ အသင်းရဲ့ အရေးးပါဆုံးလူတစ်ယောက်က ကိုယ့်ရဲ့ ညီဖြစ်နေတော့ Gary အနေနဲ့ အသင်းမှာ အမြန်ဆုံးအသားကျသွားမှာပါ။ သူတို့နှစ်ယောက်ပေါင်းစပ်ပြီး အသင်းကို တိုးတက်အောင် ဘယ်လို စီစဉ်ရမယ်ဆိုတာ သိသွားပါလိမ့်မယ်။ သူ့အတွက် အဓိကကျမှာကတော့ ဘာသာစကားအခက်အခဲပဲဖြစ်နိုင်ပြီးတော့ ဒါကိုလည်း Phil က အဆင်ပြေအောင်လုပ်ပေးပါလိမ့်မယ်။
 သူ့လို အေးဆေးပြီး ဆုံးဖြတ်ချက် မှန်တဲ့ သူတစ်ယောက်ကတော့ မက်စ်တဲလားမှာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ပါလိမ့်မယ်။ သူလိုအပ်တာရှိခဲ့ရင်လည်း ကူညီသွားမှာပါ " လို့ ပြောပါတယ်။


ဒါ့ကြောင့် အသင်းကြီးတစ်သင်းရဲ့ နည်းပြရာထူးကို လက်ခံခဲ့ရတဲ့ Gary Neville အနေနဲ့ စပိန်လင်းနို့တွေကို အမြင့်ပျံအသင်းဖြစ်အောင် ကိုင်တွယ်နိုင်ပြီး မက်စ်တဲလားမှာ အောင်မြင်နိုင်မလားဆိုတာကတော့ ဗလင်စီယာအသင်းရဲ့ ရလဒ်တွေကို ကြည့်ပြီးဆုံးဖြတ်ရတော့မှာလည်း ဖြစ်ပါတယ်။



(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment