ပွဲအစ ၁ မိနစ်မှာတင် ခေါင်းတိုက်ဂိုးသွင်းခဲ့တာပါ။ အဲ့ဒီဂိုးကိုတော့ လီဗာပူးလ်နောက်ခံလူ Moreno လူကပ်ထားပုံအားနည်းနေတာကြောင့်
Mane ရဲ့ ခေါင်းတိုက်ဂိုးကို ခွင့်ပြုလိုက်ရတာပါ။ အဲ့ဒီနောက်မှာတော့ လီဗာပူးလ်က ချေပဂိုးရဖို့ ပြန်ထိုးဖောက်ခဲ့ပါတယ်။ ကွင်းလယ်ကနေ မ, တင်ပေးတာကို Sturridge က ခြေယောင်ပြပြီး ဂိုးသမားရဲ့ ဘယ်ဘယ်ထောင့်ထဲကို သွင်းယူခဲ့တာပါ။
အဲ့နောက်မှာတော့ လီဗာပူးလ်အသင်း ကစားအားပိုကောင်းလာပြီး အနိုင်ဂိုးတွေ ပြန်သွင်းဖို့ ကြိုးစားလာခဲ့ပါတယ်။ ချေပဂိုးရပြီး လေးမိနစ်အကြာမှာပဲ Emre Can ရဲ့ အကွက်မြင်မြင် ဖြတ်တင်ဘောကို Sturridge က လူကျွံထောင်ချောက်ကနေ ချိန်သားကိုက်ပြေးထွက်ပြီး ကန်သွင်းခဲ့နိုင်တာကြောင့် လီဗာပူးလ်အသင်း အနိုင်ဂိုးကို စရခဲ့ပါတယ်။ ဒါ့ကြောင့် Sturridge ရဲ့ ပြန်လာနိုင်မှုကတော့ လီဗာပူးလ်အသင်းအတွက် အဖိုးတန်ခဲ့ပြီး သူ့ရဲ့ဂိုးနှစ်ဂိုးကြောင့်လည်း လီဗာပူးလ်က အခုလို ဂိုးပြတ်နိုင်ပွဲကို ရယူနိုင်ခဲ့တာပါ။
ပထမပိုင်းပြီးခါနီးမှာတော့ ထောင့်ကန်ဘောက ကျလာတဲ့ ဘောလုံးကို Moreno က ဧရိယာအပြင်ကနေ အနိမ့်ဘောကန်သွင်းရာမှာတော့ Origi နဲ့ အနည်းငယ်ထိခဲ့တာကြောင့် Origi သွင်းတဲ့ဂိုးအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒုတိယပိုင်း ၅၉ မိနစ် အရောက်မှာတော့ Sturridge အစား Ibe ကို ထည့်သွင်းခဲ့ပါတယ်။ ၆၈ မိနစ်အရောက်မှာတော့ Ibe ရဲ့ ပေးပို့မှုကို Origi က ကန်သွင်းခဲ့ပြီး လေးဂိုးမြောက်ဂိုးကို ရယူခဲ့ပါတယ်။
အဲ့နောက်မှာတော့ Ibe က ၇၇မိနစ်နဲ့ Origi က လူစားဝင်ကစားသမား Smith ရဲ့ ပေးပို့မှုကနေ ၈၆ မိနစ်မှာ ပွဲသိမ်းဂိုးကို ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။ ဒါ့ကြောင့် လီဗာပူးလ်အသင်းကတော့ အကောင်းဆုံး ကစားပုံနဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပြီး စတုတ်စီးတီးနဲ့ ရင်ဆိုင်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။
နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ မန်စီးတီးအသင်းနဲ့ အဲဗာတန်အသင်းတို့က အကြိတ်အနယ်ယှဉ်ပြိုင်သွားရတော့မှာလည်း ဖြစ်ပါတယ်။
(Paing A K)
# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : BBC
0 comments :
Post a Comment