Aubameyang နဲ့ Neymar ကို ငွေကြေးအလုံးအရင်းနဲ့ မန်ယူခေါ်ယူနိုင်ဖွယ်ရှိ
ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး Pierre-Emerick Aubameyang ကို မန်ယူအသင်းက ပေါင် ၄၂ သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ သရဲနီတွေဟာ ဘာစီလိုနာတိုက်စစ်မှူး Neymar ကိုလည်း ခေါ်ယူဖို့ ကြိုးစားနေခဲ့ပြီး ဥရောပအသင်းကြီးတွေ အတော်များများက ပစ်မှတ်ထားနေတဲ့ Aubameyang ကိုပါ ချိန်ရွယ်လာတာပါ။ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ ယခုရာသီ ဒေါ့မွန်အသင်းရဲ့ အဓိက ဂိုးသွင်းရှင်ဖြစ်နေခဲ့တာကြောင့် သူ့ကို ချယ်လ်ဆီး ၊ အာဆင်နယ် နဲ့ ဘာစီလိုနာ စတဲ့ အသင်းကြီးတွေကပါ စောင့်ကြည့်နေတာပါ။
အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ ၁၈ ပွဲကစားထားပြီး ၂၂ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်ခြေစွမ်းကို ပြသထားနိုင်တာပါ။ မန်ယူနည်းပြ Van Gaal ကတော့ ပရီးမီးယားလိဂ်ထိပ်ဆုံးငါးသင်းမှာ ဂိုးသွင်းအနည်းဆုံးဖြစ်နေတဲ့ သူ့ရဲ့တိုက်စစ်ကို ပြုပြင်လိုနေပြီး အခုလို တိုက်စစ်အကျော်အမော်တွေကို ခေါ်ယူသွားဖို့ အသင့်ရှိနေတာပါ။
ဒီတိုက်စစ်မှူးကို ခေါ်ယူမယ်ဆိုရင်တော့ အနည်းဆုံးပေါင်သန်းငါးဆယ်လောက် ကုန်ကျမှာဖြစ်ပြီး အာဆင်နယ် ၊ ဘာစီလိုနာစတဲ့ အသင်းတွေနဲ့ အပြိုင်ခေါ်ယူရမယ့် အနေအထားမှာ ရှိနေပါတယ်။ ယူနိုက်တက်ဟာ Neymar ကိုလည်း ဦးစားပေးခေါ်ယူဖွယ်ရှိနေပြီး ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို သုံးစွဲဖို့အတွက် အသင့်အနေအထားရှိနေတယ်လို့လည်း သိရပါတယ်။ ကတ်တလန်သားတွေကတော့ သူတို့တိုက်စစ်မှူးကို အသင်းမပြောင်းစေလိုဘဲနဲ့ နျူးကမ့်မှာပဲ ဆက်ရှိနေဖို့အတွက် အစွမ်းကုန်လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။
နောက်ထပ်အသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ Robben ကတော့ အသင်းပြောင်းမယ့်သတင်းတွေကို ငြင်းဆန်လိုက်ပြီး လက်ရှိအသင်းမှာပဲ ဆက်ရှိနေမယ်လို့ ပြောလိုက်ပါတယ်။
ဒါ့ကြောင့် မန်ယူအသင်းအနေနဲ့ Robben ကို လက်လျှော့ဖို့ ဖြစ်လာရပြီး အဓိကပစ်မှတ်တွေဖြစ်တဲ့ Neymar နဲ့ Aubameyang ကိုပဲ ငွေကြေးတွေ ပုံအောသုံးစွဲသွားနိုင်ဖွယ်ရှိတယ်လို့ မန်ချက်စတာ ညနေခင်းသတင်းအရ သိရှိရပါတယ်။ ဒါ့ကြောင့် မန်ယူအသင်းဟာ တိုက်စစ်မှူးနှစ်ယောက်ကိုတော့ ငွေကြေးပေါင်သန်း ၁၅၀ လောက်အထိကို သုံးစွဲနိုင်ချေ ရှိတယ်လို့လည်း သိရပါတယ်။
(Paing A K)
# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : ManchesterEvening
0 comments :
Post a Comment