Powered by Blogger.

အသင်းဟောင်းကို ပြန်သွားချင်တယ်ဆိုတဲ့ Diego Costa



ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ တိုက်စစ်မှူး Diego Costa  ဟာဆိုရင်တော့ သူဟာ အသင်းဟောင်း အက်သလက်တီကိုမက်ဒရစ်ကို ပြန်နိုင်ဖွယ်ရှိတယ်လို့ အရိပ်အမြွက်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ သူဒီလို အသင်းဟောင်းကို ပြန်ပြောင်းချင်တဲ့ စိတ်ကူးဖြစ်လာတာဟာ ချယ်လ်ဆီးအသင်းမှာ တစ်ရာသီလာကစားခဲ့ပြီး အက်သလက်တီကိုအသင်းကို ပြန်ပြောင်းရွှေ့သွားတဲ့  Filipe Luis ရဲ့ အကြံပေးမှုကြောင့်လို့ သိရပါတယ်။  Filipe Luis ဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျကို လာရောက်ကစားစဉ်ကတော့ ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ရပြီး မက်ဒရစ်ကို ပြန်လည်ရောက်ရှိသွားချိန်မှာတော့ သူဟာပြန်ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဘရာဇီးလက်ရွေးစင်အဖြစ်တောင် ရွေးချယ်ခံခဲ့ရပါတယ်။

" မင်းကတော့ အကြောင်းစုံကို သိမှာမဟုတ်ဘူး။  Filipe ကိုပဲကြည့်လေ ဒီမှာခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ဟိုမှာ အကောင်းဆုံးကစားနေတာ။ ဘဝဆိုတာ အံ့သြစရာတွေချည်းပဲ။ ကျွန်တော်ကတော့ အသင်းဟောင်းကို အဝေးကနေ အားပေးနေတုန်းပဲ။ " လို့ Costa က ပြောပါတယ်။
သူဟာ လန်ဒန်မှာ ပျော်ရွှင်နေပေမယ့်လည်း မက်ဒရစ်ကို ပိုပြီး သဘောကျနေပုံပေါ်ပြီး ချယ်လ်ဆီးအသင်းကလည်း သူတို့လိုချင်နေတဲ့ Greizmann ရဲ့ အပြောင်းအရွှေ့မှာ သူ့ကို အလိုက်ပေးကမ်းလှမ်းသွားနိုင်ဖွယ်ရှိနေတယ်လို့ သတင်းတွေက ခန့်မှန်းနေကြပါတယ်။

 Diego Costa ကတော့ နှစ်ပွဲဆက် ပွဲထွက်ခွင့်မရတဲ့အပေါ် ပေါက်ကွဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြခဲ့ပါတယ်။ " ဟုတ်တယ်။ ကျွန်တော်မှားခဲ့တယ်။ ဒါပေမယ့်လည်း Jose နဲ့ ဆက်ဆံရေးကတော့ အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့တယ်။ ကျွန်တော့် ကိုယ့ကိုကိုယ် တိုးတက်အောင် ကြိုးစားနေတယ်။ ဂိုးတွေပဲ သွင်းဖို့ ကြိုးစားနေမှာ မဟုတ်ဘဲ အသင်းကို အကောင်းဆုံးပြန်ဖြစ်လာအောင် ပေးဆပ်သွားချင်တယ်။ ကျွန်တော်တို့ ပေါ်တိုနိုင်ခဲ့ပြီးတော့ အကောင်းဆုံးတွေ ပြန်ဖြစ်လာပြီလို့ ကျွန်တော်ထင်တယ်လို့ "  Costa က ပြောပါတယ်။

ချယ်လ်ဆီးအသင်းကတော့ Diego Costa ခြေစွမ်းမပြနိုင်တာကြောင့် လာမယ့်အပြောင်းအရွှေ့တွေမှာ တိုက်စစ်မှူးအသစ်တွေကို ချဉ်းကပ်နေပြီး လာဇီယို အသင်းတိုက်စစ်မှူး  Felipe Anderson ၊ ရှက်တာဒိုးနက်တိုက်စစ်မှူး Alex Teixeira နဲ့ အက်သလက်တီကို တိုက်စစ်မှူး Greizmann  တို့ကို ပစ်မှတ်ထားလျက်ရှိတယ်လို့ သိရပါတယ်။




(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail




Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment