Powered by Blogger.

ဂန္တဝင်တွေချီးမွမ်းခန်းဖွင့်ခဲ့ရတဲ့ အာဆင်နယ်အသင်းသားများ





လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း Gerrard နဲ့ မန်ယူနောက်ခံလူဟောင်း Ferdinand တို့ဟာ အာဆင်နယ်အသင်းသားတွေဖြစ်တဲ့ Ramsey နဲ့ Koscielny တို့ကို ချီးကျူးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ သူတို့ဟာ အိုလံပီယာကော့စ်အသင်းနဲ့  ပွဲစဉ်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ကို ချီးကျူးခဲ့တာပါ။ အာဆင်နယ်အသင်းဟာ အုပ်စုတက်ဖို့မဖြစ်နိုင်တော့တဲ့ အနေအထားတွေကို ဖြစ်အောင် လုပ်ပြနိုင်ခဲ့တာကြောင့် ဘောလုံးလောကရဲ့ အားပေးချီးကျူးမှုတွေကို ခံခဲ့ရပါတယ်။




BT Sports ရဲ့ စကားဝိုင်းမှာ လီဗာပူးလ်အသင်းခေါင်းဆောင် Gerrard က ဝေးလ်စ်ကွင်းလယ်လူ Ramsey ကို ချီးကျူးမှုတွေပြုလုပ်ခဲ့ပါတယ်။ " သူဒီလိုနေရာမှာ ကစားခွင့်ရနေတာကို ပျော်ရွှင်နေပုံပါပဲ။ သူ့ရဲ့ စွမ်းဆောင်ရည်တွေက တောင်ပံမှာ မဟုတ်ဘဲ ကွင်းလယ်အထိုင်နေရာမှာ ပိုတောက်ပနေပါတယ်။ ကျွန်တော့်အတွက်တော့ သူက ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမားတစ်ယောက်ပါ။ ဒါ့ကြောင့် သူနဲ့အလိုက်ဖက်ဆုံးနေရာကို ပြောရမယ်ဆိုရင်တော့ ကွင်းလယ်အထိုင် ကစားသမားအဖြစ်ပါပဲ " လို့ Gerrard  က ပြောပါတယ်။

အဲ့ဒီနောက်မှတော့ မန်ယူနောက်ခံလူဟောင်း Ferdinand ကလည်း အာဆင်နယ်နောက်ခံလူ Koscielny ကို ချီးမွမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ " ကျွန်တော့် အတွက်တော့ Koscielny က ပရီးမီးယားလိဂ်မှာ အကောင်းဆုံးနောက်ခံလူပဲ။ သူက ကြံ့ခိုင်မှုသိပ်မပြည့်ဝသေးတာကြောင့် အခုလိုအဆင့်မှာ ရပ်တည်နေတာ။ ဒီထက် ကြံ့ခိုင်မှုကောင်းရင် ကမ္ဘာ့အဆင့်ဖြစ်လာမှာပါ " လို့ Ferdinand က ပြောပါတယ်။




(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment