Powered by Blogger.

ပရီးမီးယားလိဂ် နိုဝင်ဘာလ တစ်လတာ အကောင်းဆုံးဆုတွေကို လက်စတာအသင်း သိမ်းပိုက်




ဒီလအတွက် ပရီးမီးယားလိဂ်အတွက် တစ်လတာအကောင်းဆုံးဆုတွေကိုတော့ လက်စတာအသင်းက  သိမ်းပိုက်ခဲ့ပါတယ်။ လက်စတာနည်းပြ Ranieri ကတော့ တစ်လတာ အကောင်းဆုံးနည်းပြဆုရခဲ့ပြီး ပွဲဆက်ဂိုးသွင်းစံချိန်တင်ခဲ့တဲ့ လက်စတာ တိုက်စစ်မှူး Vardy က အကောင်းဆုံးကစားသမားဆုရခဲ့ပါတယ်။

လက်စတာနည်းပြ Ranieri ဟာ လီဗာပူးလ်နည်းပြ Klopp နဲ့ စပါးနည်းပြ Pochettino တို့ကို ကျော်ဖြတ်ပြီး ဒီဆုကိုရခဲ့တာဖြစ်ပါတယ်။ သူဟာ နိုဝင်ဘာလအတွင်းမှာ ကစားခဲ့တဲ့ လက်စတာအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲမှာ နှစ်ပွဲနိုင်ပြီး မန်ယူနဲ့ပွဲကိုသရေ ရအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဒီဆုကို ထိုက်ထိုက်တန်တန်ရခဲ့တာပါ။ သူဟာ လက်စတာအသင်းကို ယခုရာသီ ပရီးမီးယားလိဂ် ၁၅ ပွဲ မှာ ကိုးပွဲအထိအနိုင်ရအောင် စွမ်းဆောင်ပေးထားနိုင်ပြီး လာမယ့်ချယ်လ်ဆီးအသင်းနဲ့ ပွဲအတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။

လက်စတာတိုက်စစ်မှူး Jamie Vardy ကတော့ မန်ယူတိုက်စစ်မှူးဟောင်း Van Nistelrooy ရဲ့ စံချိန်ကို ချိုးဖျက်ပြခဲ့ပြီး ဆယ့်တစ်ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာကြောင့် ဒီဆုကို ရခဲ့တာပါ။  ဒါ့ကြောင့် နိုဝင်ဘာလ ကတော့ မြေခွေးအသင်းသားတို့ ကြီးစိုးခဲ့တဲ့ လ ဖြစ်ခဲ့ပါတယ်။


(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment