Powered by Blogger.

Neymar ရဲ့ အမိုက်စား တက်တူးအသစ်






ဘရာဇီးအကျော်အမော်တိုက်စစ်မှူး Neymar ဟာ သူ့ရဲ့ ဘယ်ဘက်ခြေသလုံးမှာ အမိုက်စားတက်တူးတစ်ခုကို ထပ်ပြီး မွမ်းမံလိုက်ပြန်ပါပြီ။ ဘာကာရဲ့ ဂန္တဝင်တိုက်စစ်အတွဲ MSN သုံးယောက်ထဲမှာ ပါဝင်တဲ့ Neymar ဟာ ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြကစားနေပြီး အောင်မြင်မှုတွေလည်း ရယူနေနိုင်ပါတယ်။


သူဟာ Ballon d'Or ဆုမှာ နောက်ဆုံးဆန်ကာတင် သုံးယောက်မှာ ပါဝင်လျက်ရှိပြီး လာလီဂါတစ်လတာအကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုလို အောင်မြင်မှုတွေရနေချိန်မှာပဲ Neymar ကတော့ သူ့ရဲ့ ငယ်ဘဝကို သတိရပြီး တက်တူးတစ်ခုကို ဆေးခြယ်ပစ်လိုက်တာပါ။






တက်တူးပုံထဲမှာတော့ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့က ကလေးငယ်တစ်ယောက်ဟာ ဘောလုံးတစ်လုံးကို ပိုက်ပြီး ဘောလုံးကစားရင်းနဲ့ အိမ်ဝယ်နိုင် ၊ ချန်ပီယံလိဂ် ဆုဖလားကိုလည်း ဆွတ်ခူးနိုင်ရမယ်ဆိုပြီး တွေးနေတဲ့ပုံကို သရုပ်ဖော်ထားတာပါ။ ဒီတက်တူးကိုတော့ နာမည်ကျော်တက်တူးဆရာ  Miguel Bohigues က Instagram စာမျက်နှာမှာ ဓာတ်ပုံရိုက်ပြီးတင်ထားတာ ဖြစ်ပါတယ်။



(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref :Bleacher
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment