Powered by Blogger.

အသင်းရဲ့ အကျပ်အတည်းတွေကြောင့် ခရစ္စမတ်ပါတီကို ဖျက်သိမ်းလိုက်တဲ့ မန်ယူအသင်းသားများ




မန်ယူအသင်းသားတွေဟာ ချန်ပီယံလိဂ်ကနေထွက်ခဲ့ရအပြီးမှာ သူတို့ရဲ့ ခရစ္စမတ်ပါတီပွဲကို ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။ သူတို့ဟာ တနင်္ဂနွေနေ့ညမှာ အသင်းရဲ့ ခရစ္စမတ်ပါတီပွဲကို ကျင်းပဖို့ စဉ်းစားထားပေမယ့်လည်း ချန်ပီယံလိဂ်အုပ်စုကနေ ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ရတဲ့ အချိန်မှာတော့ သူတို့ရဲ့ ပါတီပွဲကို မကျင်းပတော့ပဲ ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြတာပါ။

 မန်ယူအသင်းကတော့ နယူးကာဆယ်အသင်းလိုမျိုး ကလပ်အသင်းပိုင်ရှင်ဘက်က ဖျက်သိမ်းတာမျိုးမဟုတ်ဘဲ ကစားသမားတွေကိုယ်တိုင်က အသင်းရဲ့ အကျပ်အတည်းကာလမှာ ပျော်ပွဲရွှင်ပွဲတွေကို ဆင်နွှဲချင်စိတ် မရှိတော့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ  ပီအက်စ်ဗွီ ၊ ဝက်စ်ဟမ်း ၊ လက်စတာအသင်းတို့နဲ့ သုံးပွဲဆက်သရေကျပြီးနောက်မှာ ဂျာမန်မြေမှာ ရှုံးနိမ့်ခဲ့တာကြောင့် မန်ယူအသင်းအတွက်တော့ စိတ်ပျက်စရာတွေ ပြည့်နှက်နေခဲ့တာပါ။ ဒါ့အပြင်နည်းပြ Van Gaal ရဲ့ နည်းဗျူဟာတွေကိုလည်း ကစားသမားတွေက စိတ်ပျက်နေကြပြီး အသင်းရဲ့ နည်းစနစ်တွေကို အသစ်တစ်ဖန်ပြောင်းလဲပစ်ဖို့ ဆန္ဒရှိနေကြပါတယ်။

ဒါ့အပြင် မန်ယူအသင်းဟာ ကွင်းလယ်လူ Schweinsteiger ရဲ့ သုံးပွဲပယ်ပြစ်ဒဏ်ကြောင့်လည်း စိတ်ပျက်လျက်ရှိတယ်လို့လည်း သိရပြီး ဘုန်းမောက်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မတိုင်ခင်မှာ ဒဏ်ရာရကစားသမားတွေ များပြားလျက်ရှိတယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ဝုလ်ဖ်ဘတ်အသင်းနဲ့ ပွဲစဉ်အပြီးမှာ Chris Smalling နဲ့ Matteo Darmian တို့ဟာလည်း ဒဏ်ရာရ စာရင်းကို ထပ်တိုးခဲ့ပြီး နှစ်ပတ်စီလောက်အနားယူရမှာဖြစ်တယ်လို့ သိရပါတယ်။ Luke Shaw, Marcos Rojo, Phil Jones နဲ့ Antonio Valencia ဟာလည်း ဒဏ်ရာရထားတာမို့ မန်ယူအသင်းအတွက် နောက်တန်းက အကြီးမားဆုံးပြဿနာ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ကွင်းလယ်မှာတော့ Herrera က ကြံ့ခိုင်မှုမပြည့်ဝသေးသလို တင်ပါးဆုံဒဏ်ရာရနေတဲ့  Schneiderlin ကတော့ ပွဲပယ်ခံလိုက်ရတဲ့ Schweinsteiger ရဲ့ နေရာမှာ ပြန်အစားထိုး ကစားနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။


(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment