Powered by Blogger.

ရီးရဲလ်အသင်းကို နည်းပြလုပ်ဖို့ အဆင်သင့်မဖြစ်သေးပါဘူးဆိုတဲ့ Zidane




အခုလတ်တလော အယ်လ်ကလာစီကို အရှုံးကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြ Benitez ကို ရာထူးကနေထုတ်ပယ်တော့မယ်လို့ သတင်းတွေ ဆူညံနေပါတယ်။ ရီးရဲလ်အသင်းဟာ အိမ်ကွင်းမှာ အဓိကပြိုင်ဘက် ဘာစီလိုနာကို လေးဂိုးပြတ်နဲ့ရှုံးခဲ့တာကြောင့် အရှက်ရစရာတွေဖြစ်ခဲ့ရပြီး လက်ရှိနည်းပြကို ဖယ်ရှားပြီး နည်းပြတစ်ယောက်ကို အစားထိုးခန့်အပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ်ဟာလည်း ရီးရဲလ်လူငယ်အသင်း ကတ်စတယ်လာရဲ့နည်းပြ Zidane ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။


ပြင်သစ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်း အကျော်အမော်ဟောင်းကတော့ စပိန်သားနည်းပြရဲ့ နေရာကို ဝင်ယူမှာမဟုတ်ဘဲ ဆီဂန်ဒါ-ဘီ မှာပဲ ရီးရဲလ်လူငယ်အသင်း ကတ်စတယ်လာနဲ့ ဆက်ရှိနေမယ်လို့ ပြောလိုက်ပါတယ်။ " ကျွန်တော်ကတော့ ကတ်စတယ်လာအသင်းနဲ့ နည်းပြ Benitez ရဲ့ လက်အောက်က လူတစ်ယောက်ပါပဲ။ လက်ရှိအသင်းမှာပဲ နည်းပြအဖြစ်ဆက်ရှိနေမှာပါ။ ကျွန်တော်ကတော့ အသင်းမှာ လုပ်စရာရှိတာတွေကို လုပ်သွားမှာပါ။အခုလောလောဆယ်တော့  ကတ်စတယ်လာမှာ တစ်နေ့ထက်တစ်နေ့ အလုပ်လုပ်ရတာ ပျော်လာပါတယ်။ အသင်းကြီးကို ကိုင်တွယ်ဖို့ကတော့ အတွေ့အကြုံတွေ အများကြီး လိုပါသေးတယ် " လို့ Zine Zidane က ပြောပါတယ်။


Benitez ရဲ့ ရီးရဲလ်အသင်းကတော့ လာလီဂါမှာ နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အယ်လ်ကလာစီကိုဒါဘီ  အရှက်တကွဲ အရှုံးမတိုင်ခင်မှာတော့ ဆီဗီလာအသင်းကို သုံးဂိုးနှစ်ဂိုးနဲ့ ရှုံးခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် အသင်းဘုတ်အဖွဲ့ကတော့ လက်ရှိနည်းပြ Benitez ကို ရာထူးကထုတ်ပယ်ပြီး
လာမယ့် အပြောင်းအရွှေ့တွေမှာ အသင်းကို ကြီးကြီးမားမားပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ "

အသင်းပရိသတ်တွေကတော့ မိနစ်ကိုးဆယ်လုံး အားပေးခဲ့ကြပြီး တာဝန်ကျေခဲ့ကြပါတယ်။ အသင်းဟာ လာမယ့် အချိန်တွေမှာ အကောင်းဆုံးဖြစ်အောင် ပြောင်းလဲဖို့ ကြိုးစားနေပါတယ် " လို့ Zidane က ထပ်လောင်းပြောကြားသွားပါတယ်။




(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment