Powered by Blogger.

နည်းပြ Mourinho နဲ့ အနီးကပ်ဆွေးနွေးခဲ့တယ်လို့ Hazard ပြော








ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား Eden Hazard ဟာ သူ့ရဲ့ခြေစွမ်းကျဆင်းနေမှုနဲ့ ပတ်သက်ပြီး နည်းပြ Mourinho နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ သူဟာ အခုကစားနေတဲ့ တောင်ပံနေရာကနေ No.10 role ကို ဝင်ရောက်ကစားနိုင်ဖို့ နည်းပြကိုတောင်းဆိုခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားကတော့ အသင်းရဲ့ ရလဒ်တွေကျဆင်းနေမှုကို ကစားသမားတွေကို နေရာပြောင်းလဲမှုတွေ ပြုလုပ်ကစားစေပြီး အသင်းရဲ့ အကောင်းဆုံးပုံစံကို ပြန်ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာပါ။


" စတုတ်စီးတီးနဲ့ ပွဲမတိုင်ခင် ကျွန်တော်တို့ စကားပြောဖြစ်ခဲ့ကြပါတယ်။ သူ့ကို ကျွန်တော်က တစ်ခုခုကို ပြောင်းလဲပြီး အသင်းကို ပြန်ဆွဲတင်ရမယ်လို့ အကြံပေးခဲ့ပါတယ်။ ကျွန်တော်ကတော့ ဖြစ်နိုင်ရင် အသင်းရဲ့ No.10 role မှာ ကစားချင်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ ကျွန်တော် စတုတ်နဲ့ ပွဲမှာတော့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ နောဝစ်ခ်ျအသင်းနဲ့ ပွဲကိုလည်း ကျွန်တော်ရော အသင်းပါ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်"


" ကျွန်တော်ကတော့ အကောင်းဆုံး ကြိုးစားသွားပါမယ်။ ရာသီအစမှာ ခြေစွမ်းအတော်လေးဆိုးဝါးခဲ့ပါတယ်။ ဒါကို ကျွန်တော်သိပါတယ်။ ကျွန်တော်အသင်းလေ့ကျင့်ရေးနဲ့ ကွင်းထဲမှာလည်း အကောင်းဆုံးပေးဆပ်သွားအုံးမှာပါ။ အသင်းနဲ့အတူ ပုံစံကောင်းပြပြီး နိုင်ပွဲတွေကို ရယူနိုင်မယ်လို့ ထင်ပါတယ် " လို့ Hazard က ပြောပါတယ်။ ချယ်လ်ဆီးအသင်းကတော့ စနေနေ့က ကစားခဲ့တဲ့ပွဲမှာတော့ နောဝစ်ခ်ျအသင်းကို တိုက်စစ်မှူး Diego Costa ရဲ့ တစ်လုံးတည်းသော အနိုင်ရခဲ့တယ်လို့ သိရပါတယ်။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment