Powered by Blogger.

ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ပရီးမီးယားလိဂ်





ပရီးမီးယားလိဂ်ကတော့ ဒီအပတ်မှာ မထင်မှတ်တဲ့ ရလဒ်တွေထွက်ပေါ်ခဲ့တော့ အမှတ်ပေးဇယားထိပ်မှာ အပြောင်းအလဲများသွားပါတယ်။လက်စတာအသင်းနဲ့ မန်ယူတို့ကတော့ နိုင်ပွဲကိုယ်စီရခဲ့တာကြောင့် အဆင့်တွေတက်ခဲ့သလို ဦးဆောင်သူ မန်စီးတီးအသင်းနဲ့ အာဆင်နယ်တို့ကတော့ ကံခေမှုတွေနဲ့ ရှုံးပွဲတွေ ကြုံခဲ့ရတာကြောင့် အဆင့်တွေကျသွားခဲ့ပါတယ်။ စပါးအသင်းကလည်း မနေ့ညက ပွဲမှာ အကောင်းဆုံးကစားပုံနဲ့နိုင်ပွဲရခဲ့တာကြောင့်  ဇယားထိပ်ပိုင်းကအသင်းတွေနဲ့ အမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့တာပါ။

 တော့တင်ဟမ်အသင်းဟာဆိုရင် ပရီးမီးယားလိဂ်ရဲ့ လက်ကျန်ပွဲစဉ်ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲကို မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ ခြေစွမ်းပြပြီး လေးဂိုးတစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာတော့ Harry Kane က အရေးပါတဲ့ သွင်းဂိုးနှစ်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။ လန်ဒန်မြို့ခံပြိုင်ဘက်ဖြစ်တဲ့ ဝက်ဟ်ဟမ်းအသင်းကတော့ အခုရာသီမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသထားနိုင်ခဲ့ပေမယ့်လည်း အဓိက ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် စပါးအသင်းရဲ့ ဝှိုက်ဟတ်လိန်းကွင်းမှာ အရှုံးပေးခဲ့ရတာပါ။

လူငယ်ခြေတက်တွေနဲ့ စုဖွဲ့ထားခဲ့တဲ့ စပါးအသင်းကတော့ နောက်ပိုင်းမှာ ကစားကွက်အချိတ်အဆက်ပိုမိလာပြီး နိုင်ပွဲတွေ ဆက်တိုက်ရယူနေနိုင်ပါတယ်။ Dele Alii , Dier , Kane စတဲ့ လူငယ်စုဖွဲ့မှုတွေက အသင်းကို ဟန်ချက်ညီစေခဲ့သလို တောင်ကိုးရီးယားကစားသမား Heung Min-Sun ကလည်း တောင်ပံကနေ တောက်လျှောက်ထိုးဖောက်နိုင်ခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းရဲ့ ခံစစ်ကို လှဲဖြိုနိုင်ခဲ့တာပါ။


အသင်းရဲ့တိုက်စစ်မှူးဖြစ်တဲ့  Harry Kane ဟာလည်း အစောပိုင်းပွဲတွေမှာ ခြေစွမ်းမပြနိုင်ခဲ့လို့ ဝေဖန်မှုတွေရှိနေခဲ့ပေမယ့်လည်း နောက်ပိုင်းငါးပွဲမှာ ရှစ်ဂိုးအထိ သွင်းယူထားနိုင်ခဲ့လို့ ဝေဖန်သံတွေကို ပြန်ပြီး နှုတ်ဆိတ်သွားစေခဲ့ပါတယ်။ စပါးအသင်းဟာ အခုလိုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်ငါးနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး


လက်စတာအသင်းကတော့ ဆယ်ပွဲဆက်ဂိုးသွင်းရှင် Vardy ရဲ့ ဂိုးတွေနဲ့ အတူ နိုင်ပွဲရခဲ့တာကြောင့် အဆင့်တစ်နေရာမှာ ထိုက်ထိုက်တန်တန်ရပ်တည်နေပါတယ်။ ဒါ့ကြောင့် ပရီးမီးယားလိဂ်ကတော့ အမှတ်ကွာဟချက်တွေ ကျဉ်းမြောင်းနေခဲ့တာကြောင့် ချန်ပီယံဆုအတွက် စိန်ခေါ်မှုတွေကတော့ ပြင်းထန်နေအုံးမှာပါ။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment