Powered by Blogger.

Alessandro Florenzi ကို ခေါ်ယူမယ်ဆိုတဲ့ အာဆင်နယ်





အာဆင်နယ်အသင်းဟာဆိုရင်တော့ ရိုးမားအသင်းရဲ့ ကွင်းလယ်ခံစစ်ရော ညာတောင်ပံ ခံစစ်မှာပါကစားနိုင်တဲ့ Alessandro Florenzi ကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ Arteta , Flamini စတဲ့ ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရဖွယ် ရှိနေချိန်မှာတော့ အခုလို အားဖြည့်မှုတစ်ခုကို လုပ်ဆောင်ဖို့ စီစဉ်လာတာပါ။ ဂန်းနားတွေဟာ Florenzi ကို ဘာစီလိုနာအသင်းနဲ့ အပြိုင်လုရဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။


ဒါပေမယ့်လည်း ဘာစီလိုနာအသင်းကတော့ သူတို့နောက်ခံလူ Alves ကို စာချုပ်သစ်ချုပ်ဆိုသွားဖွယ် ရှိနေပြီး အဆင်မပြေဖြစ်လာမှာ နောက်တိုး အစီအစဉ်အနေနဲ့ Florenzi ကို ပစ်မှတ်ထားနေတာပါ။ Florenzi ကတော့ ရိုးမားအသင်းနဲ့ စာချုပ်သက်တမ်းက ၂၀၁၉ အရောက်မှာမှာ ပြည့်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ အာဆင်နယ်နည်းပြ Wenger ကတော့ Florezi ကို နောက်တန်းအတွက်မဟုတ်ဘဲ ကွင်းလယ်အတွက် အားဖြည့်မှာဖြစ်တာကြောင့် အဓိကကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်သတင်းတွေအရတော့ အာဆင်နယ်ဟာ ဒေါ့မွန်တိုက်စစ်မှူး Aubermeyang ကိုလည်း တိုက်စစ်လိုအပ်ချက်အတွက် အထူးစိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။ Aubermeyang ကတော့ ဒေါ့မွန်အသင်းမှာ ဂိုးသွင်းစက်ဖြစ်နေခဲ့ပြီး အကောင်းဆုံးခြေစွမ်းတွေကြောင့် ဥရောပအသင်းကြီးတွေက စိတ်ဝင်စားလျက် ရှိတယ်လို့လည်း သိရပါတယ်။




(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment