Powered by Blogger.

လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တဲ့ ချယ်လ်ဆီးဂိုးသမား Thibaut Courtois





ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ ချယ်လ်ဆီးအသင်းရဲ့ဂိုးသမား Thibaut Courtois ဟာ ဒူးဒဏ်ရာကို ခွဲစိတ်မှုတွေ ခံယူခဲ့အပြီးမှာတော့ အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်နိုင်နေပြီလို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂိုးသမားဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ တွယ်ဆက်ဒူးအရွတ် ဒဏ်ရာရခဲ့ပြီးတော့ ကာလရှည် အနားယူနေရတာပဲဖြစ်ပါတယ်။


သူဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ အသင်းနဲ့အတူ ပြန်လည်ကြံ့ခိုင်ရေးအစီအစဉ်တွေမှာ
ပါဝင်ခဲ့ပြီးတော့ အသင်းနဲ့ ပြန်လည်ကစားဖို့ ရက်သတ္တပတ်အနည်းငယ်ပဲ အချိန်ယူရတော့မှာဖြစ်တယ်လို့် သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ လာမယ့်စနေနေ့မှာတော့ နောဝစ်ခ်ျအသင်းနဲ့ ကစားရမှာဖြစ်ပြီး အသင်းရဲ့ ဒုတိယဂိုးသမား Begovic ကိုပဲ ပွဲထွက်အသုံးပြုသွားဖွယ် ရှိနေတာပါ။


Courtois ဟာ အသင်းရဲ့ ခက်ခဲတဲ့ကာလတွေကို လွဲချော်ခဲ့ရပြီး ဒုတိယဂိုးသမား Begovic ကတော့
ထင်သလောက် လက်စွမ်းမပြနိုင်ခဲ့ပါဘူး။ ချယ်လ်ဆီးအသင်းဟာ ယခုရာသီ ပြိုင်ပွဲစုံ ၁၈ ပွဲကစားပြီးချိန်မှာတော့ အသင်းဟာ Cleansheet  လေးပွဲသာ ရခဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ အရင်ရာသီကတော့ ပေးဂိုး ၃၂ ဂိုးသာ ရှိခဲ့တဲ့ စံချိန်ကိုလည်းလိုက်မှီနိုင်ဖို့ ခက်ခဲသွားခဲ့ပြီလည်း ဖြစ်ပါတယ်။


ဒုတိယဦးစားပေးဂိုးသမားဖြစ်တဲ့ Begovic ဟာဆိုရင်  Courtois နဲ့ ယှဉ်ထိုးကြည့်လိုက်တဲ့ အချိန်မှာ တည်ငြိမ်မှုနဲ့ လက်စွမ်းတွေက အတော်လေးကို ခြားနားနေခဲ့တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ချယ်လ်ဆီးပရိသတ်အများစုကတော့ အသင်းဂိုးပေါက်ကို လက်စွမ်းတည်တည်ငြိမ်ငြိမ်နဲ့ လုံခြုံမှုပေးနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံဂိုးသမား Courtois ကို အမြန်ပြန်လည် ကစားလိုနေကြတယ်လို့လည်း သိရပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment