Powered by Blogger.

ခြေထောက်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံရအုံးမယ့် Jay Rodriguez





ဆောက်သမ်တန်အသင်းရဲ့ တိုက်စစ်မှူး  Jay Rodriguez ဟာ ခန့်မှန်းရခက်တဲ့ ခြေထောက်ဒဏ်ရာကို ခွဲစိတ်ကုသမှုတွေ ပြုလုပ်ရအုံးမယ်လို့ သိရပါတယ်။ အင်္ဂလန်ကစားသမားဟာ ဒူးဒဏ်ရာကြောင့် ၁၆ လကြာ အနားယူရပြီးတဲ့နောက်မှာ အခုလို ခြေထောက်ဒဏ်ရာ ထပ်ရခဲ့တာကြောင့် ခွဲစိတ်ကုသမှုတေါ ထပ်ခံရအုံးမှာဖြစ်တယ်လို့ သိရပါတယ်။

သူဟာ လက်စတာအသင်းနဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ နောက်ဆုံးပါဝင်ကစားခဲ့ပြီးတော့ အခုလိုဒဏ်ရာကို ထပ်ရခဲ့တာပါ။ စိန့်နည်းပြ Koeman ကတော့ အသက် ၂၆နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟာ ခွဲစိတ်ကုသမှုတွေကို ထပ်ပြုလုပ်ရမှာဖြစ်ပြီး သူ့အတွက် စိတ်မကောင်းဖြစ်နေရတယ်လို့ ပြောပါတယ်။ " သူအခုလို ဒဏ်ရာခဏခဏ ရနေတာ စိတ်မကောင်းဖြစ်မိပါတယ်။

 ကျွန်တော်တို့ကတော့ သူ့ရဲ့ ခြေထောက်ဒဏ်ရာကို ဂရုစိုက်စောင့်ကြည့်ပေးနေပြီး နောက်အပတ်မှာတော့ ခွဲစိတ်မှုတွေ ပြုလုပ်ရအုံးမယ်။ သူ ဒီလိုဒဏ်ရာရနေတာကတော့ သူ့အတွက်လည်း ခက်ခဲစေသလို ကျွန်တော်တို့အတွက်လည်း ခက်ခဲစေပါတယ်။ ဒူးဒဏ်ရာပြန်ပေါ်လာတာတော့ မဟုတ်ဘဲ ခြေထောက်ရဲ့နောက်ထပ်နေရာမှာ ဒဏ်ရာရခဲ့တာပါ။ "

" ဘာဒဏ်ရာမှန်းကို မသိရပါဘူး။ ဆရာဝန်ကတော့ သေချာရှင်းပြနိုင်လိမ့်မယ် ထင်တယ်။ အသင်းဆရာဝန်တွေကတော့ နောက်ဆုံးခွဲစိတ်မှုကို ပြုလုပ်သွားမှာပါ။ သူဘယ်လောက် နားရမယ်ဆိုတာကတော့ အတိအကျမသိရသေးပါဘူး။ ဒီလို ဒဏ်ရာပြဿနာတွေက သူ့ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်စေပါတယ်။ အသင်းကလူတွေ အားလုံးကတော့ သူ့ကို အားပေးကြပါတယ်။ " လို့  နည်းပြဖြစ်သူ Koeman က ဖြေပါတယ်။


ဆောက်သမ်တန်အသင်းဟာ လာမယ့်ပွဲစဉ်မှာတော့ စတုတ်စီးတီးအသင်းနဲ့ ကစားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း နောက်ဆုံးနှစ်ပွဲဆက်အနိုင်ရထားတယ်လို့ သိရပါတယ်။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment