Powered by Blogger.

အသင်းမှာ ဒဏ်ရာရကစားသမားများလာခြင်းကို အာဆင်နယ်နည်းပြ Arsene Wenger စိုးရိမ်




ဝက်စ်ဘရွန်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အားထားရတဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ Coquelin ရော Arteta ပါ ဒဏ်ရာရသွားခဲ့တဲ့အတွက် အသင်းမှာ ဒဏ်ရာရကစားသမား ရှစ်ဦးအထိရှိလာပြီး ဒီဇင်ဘာပွဲကျပ်ကာလကို ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ အသင်းဟာ အခုဆိုရင် ဗဟိုကွင်းလယ်နေရာအတွက် Flamini နဲ့ Cazorla တို့သာ ကျန်ရှိတော့ပြီး လာမယ့်ပွဲစဉ်တွေမှာ အာဆင်နယ်အသင်းအတွက် အကျပ်ရိုက်နေခဲ့ပါတယ်။ ဒါကြောင့် အသင်းရဲ့ ကြမ်းတမ်းတဲ့ကာလကို ရောက်ရှိလာပြီလို့ နည်းပြ Arsene Wenger က အသိပေးလိုက်တာဖြစ်ပြီး လာမယ့်ပွဲစဉ်တွေမှာတော့ ဒဏ်ရာပြဿနာတွေကို ထပ်မကြုံတော့ဖို့ မျှော်လင့်တယ်လို့ သိရပါတယ်။


Arsene Wenger ကတော့ လာမယ့်ကာလတွေမှာ အသင်းမှာ ဒဏ်ရာရနေတဲ့ ကစားသမားတွေဖြစ်တဲ့  Aaron Ramsey, Theo Walcott, Alex Oxlade-Chamberlain, Jack Wilshere, Danny Welbeck နဲ့ Tomas Rosicky တို့ ပြန်ကစားနိုင်ဖို့ကိုပဲ မျှော်လင့်ရတော့မယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ " ကျွန်တော်တို့အသင်းရဲ့ အခက်ခဲဆုံးအချိန်ကို ရောက်လာပါပြီ။ နောက်ဆုံး နှစ်ပွဲမှာ တစ်မှတ်ပဲရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ လမ်းမှန်နေတဲ့ အချိန်မှာ အခုလိုချွတ်ချော်သွားလို့ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်ကတော့အသင်းကို ကောင်းကောင်းပြန်ကစားနိုင်ဖို့နဲ့ အင်္ဂါနေ့ည ဒိုင်နမိုဇာဂရက်ဘ်နဲ့ ပွဲကို အနိုင်ကစားဖို့ ပြန်လည်လုပ်ဆောင်သွားပါမယ် " လို့ Wenger ကပြောပါတယ်။


အသင်းမှာ အစောဆုံးပြန်ကစားနိုင်ဖွယ်ရှိတဲ့  Aaron Ramsey နဲ့ Alex Oxlade-Chamberlain တို့ကိုလည်း အမြန်ပြန်ကစားနိုင်ဖို့ အသင်းပရိသတ်တွေက မျှော်လင့်နေပါတယ်။ အာဆင်နယ်အသင်းကို အနိုင်ကစားနိုင်ခဲ့တဲ့  ဝက်စ်ဘရွန်းအသင်းရဲ့ နည်းပြ Tony Pulis ကလည်း အာဆင်နယ်အသင်းဟာ အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပြီး ကံကောင်းခဲ့လို့သာ သူတို့ အနိုင်ရခဲ့တာဖြစ်ပြီး ဒဏ်ရာရကစားသမားတွေကိုလည်း အမြန်ပြန်ကောင်းလာစေဖို့ မျှော်လင့်ပါတယ်လို့လည်း ပြောပါတယ်။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment