Powered by Blogger.

နည်းပြ Benitez ဆက်ရှိနေမယ်လို့ ရီးရဲလ် ဥက္ကဌ Perez အတည်ပြု







အယ်လ်ကလာစီကိုဒါဘီမှာ အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ရီးရဲလ်မက်ဒရစ်အသင်း ဥက္ကဌ Florentino Perez ကတော့ နည်းပြ Benitez  ကို အပြည့်အဝထောက်ခံခဲ့ပြီး ဘာစီလိုနာဟာ ဒီလိုကြောက်စရာကောင်းတဲ့ ကစားပုံနဲ့ ဘယ်လော်ကြာကြာ ဆက်သွားနိုင်အုံးမယ်ဆိုတာလည်း မသိနိုင်ဘူးလို့ ပြောပါတယ်။  Perez ကတော့ အသက် ၅၅ နှစ်အရွယ် နည်းပြကို ယုံကြည်မှုတွေ ထပ်ပေးခဲ့ပြီး ဆိုးဝါးတဲ့ ကစားပုံနဲ့ အခုလို ရှုံးနိမ့်တာဟာ ဒီတစ်ပွဲပဲဖြစ်နိုင်မယ်လို့ ယုံကြည်တယ်လို့ ပြောပါတယ်။


 အသင်းနည်းပြ Benitez ဟာ အဲ့ဒီပွဲမှာ လူစုံတက်စုံနဲ့ ပွဲထုတ်ကစားခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့ရတာနဲ့ ပတ်သက်ပြီးတော့လည်း " နည်းပြ Benitez ဟာ အသင်းရဲ့ ကစားသမား ၊ ဒါရိုက်တာ အားလုံးနဲ့လည်း ဆက်ဆံရေးအဆင်ပြေပါတယ်။ သူအသင်းကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာကို နားလည်ပါတယ်။ အသင်းအတွက် အကောင်းဆုံးဖြစ်မှာပါ။ ဘယ်နည်းပြမှတော့ ကျွန်တော့်ကို ဘယ်လိုပွဲထွက်ကစားမယ်ဆိုတာက အစ တင်ပြတဲ့ နည်းပြတော့ မရှိခဲ့ပါဘူး " လို့ ပြောပါတယ်။


နည်းပြ Ancelloti ကလည်း အသင်းကို တစ်ကျော့ပြန်ကိုင်တွယ်မှာ မဟုတ်ဖူးလို့လည်း Perez က ပြောပါတယ်။နည်ြး့ပ Benitez ကို အသင်းရဲ့ အဓိက ကစားသမား Ronaldo က အလိုမရှိဘူးလို့ သတင်းတွေ ထွက်လာတာနဲ့ ပတ်သက်ပြီးတော့လည်း " Rafa ရဲ့ နည်းဗျူဟာက ဘယ်တော့မှ ဖြစ်ဖြစ်မြောက်မြောက် ရှိမှာ မဟုတ်ဘူးဆိုတာမျိုးကို Ronaldo မပြောခဲ့ပါဘူး။ သူက ပရော်ဖက်ရှင်နယ် ပီသသူပါ။ အမြဲတမ်း ကြိုးစားကစားတတ်တယ်။ နည်းပြတစ်ယောက်ကို ဘယ်တော့မှ အဲ့လိုမျိုး မပြောပါဘူး။ Rafa ကိုလည်း ကျွန်တော်ရာထူးက ထုတ်ပယ်မယ်ဆိုတာ ကောလဟလတွေပါ " လို့ Perez က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment