Powered by Blogger.

Willian ကို စာချုပ်သက်တမ်းတိုးဖို့ မျှော်လင့်နေတဲ့ ချယ်လ်ဆီး




ချယ်လ်ဆီးအသင်းဟာ အခုလတ်တလောအသင်းမှာ ခြေစွမ်းပြနေတဲ့ ဘရာဇီးတောင်ပံကစားသမား Willian ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ရှက်တာဒိုးနက်အသင်းကစားသမားဟောင်းဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ စာချုပ်သက်တမ်း နှစ်နှစ်ကျော်ကျန်သေးပေမယ့်လည်း သူ့ရဲ့ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် အသင်းမှာ စာချုပ်သက်တမ်းရှည်တစ်ရပ်နဲ့ ထိန်းထားနိုင်ဖို့ မျှော်လင့်နေတာပါ။

 အသင်းကရဲ့ အကျပ်အတည်းကာလမှာ သူ့ရဲ့ ကောင်းမွန်တဲ့ခြေစွမ်းက အသင်းကို အထောက်အကူပြုခဲ့ပြီးတော့  ငါးဂိုးအထိသွင်းယူပေးထားနိုင်ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် တောက်ပလျက်ရှိပါတယ်။ အနောက်လန်ဒန်မှာ ပျော်မွေ့နေတဲ့ Willian ဟာ လက်ရှိအချိန်မှာတော့ တစ်ပတ်ကို ပေါင် ၈၅၀၀၀ ရရှိနေပြီးတော့ ၂၀၁၈ မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။

အသင်းကတော့ သူ့ကို တစ်ပတ် ပေါင်တစ်သိန်းပေးအထိ ပေးနိုင်မယ့် စာချုပ်သက်တမ်းတစ်ရပ်ကို နှစ်သစ်ကူးမှာ ချုပ်ဆိုဖို့ ကြိုးစားနေတယ်လို့ Evening Standard သတင်းစာက ဖော်ပြခဲ့ပါတယ်။ သူ့လိုပဲ ချယ်လ်ဆီးအသင်းမှာ ကစားလျက်ရှိတဲ့ ဘရာဇီးအသင်းဖော် ကွင်းလယ်ကစားသမား Ramires ဟာလည်း အသင်းမှာ  ၂၀၁၉ အထိ ဆက်ရှိနေမယ့် သက်တမ်းရှည် စာချုပ်တစ်ရပ်ကို ပြီးခဲ့တဲ့လအတွင်းက ချုပ်ဆိုနိုင်ခဲ့ပါတယ်။

 Willian ဟာဆိုရင်တော့ သူ့ရဲ့ ကောင်းမွန်တဲ့ ဖရီးကစ်ကန်ချက်တွေနဲ့ အသင်းကို အကျိုးပြုလျက်ရှိပြီး အသင်းကို ဟန်မပျက်အောင် ထိန်းထားပေးနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ဒါ့ကြောင့် ချယ်လ်ဆီးအသင်းကတော့ အသင်းမှာ ရှိရင်းစွဲကစားသမားတွေကို ထိန်းထားနိုင်ဖို့ ကြိုးစားနေပြီး လာမယ့်အပြောင်းအရွှေ့တွေမှာတော့ ကစားသမားအားဖြည့်မှုတွေကို အဆောတလျင် လုပ်ဆောင်သွားမှာတော့ မဟုတ်ပါဘူးလို့ နည်းပြ Mourinho က ပြောကြားထားပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment