Powered by Blogger.

Coutinho ရဲ့ ဒဏ်ရာ မပြင်းထန်တာကြောင့် လီဗာပူးလ်အသင်း စိတ်သက်သာရာရ







လီဗာပူးလ်အသင်းဟာ မန်စီးတီးအသင်းကို လေးဂိုးဂိုးမရှိနဲ့ အနိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ အသင်းရဲ့ အဓိက ကွင်းလယ်လူ Philippe Coutinho ဟာ တံကောက်ကြောဒဏ်ရာရခဲ့ပါတယ်။ အစောပိုင်းမှာတော့ ဒဏ်ရာက အနည်းငယ်ပြင်းထန်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့်လည်း ဆေးစစ်ချက်တွေအရတော့ ပြင်းထန်မှုမရှိဘဲ နောက်တစ်ပတ် ဆွမ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်မယ်လို့ သိရပါတယ်။


ကွင်းလယ်တိုက်စစ်ကစားသမားကို ကာလရှည်လက်လွတ်ရတော့မယ်လို့ ထင်မြင်ခဲ့ကြပေမယ့် တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ဆေးစစ်ချက်အရ ခဏတာသာအနားယူရမှာဖြစ်ပြီး ဒဏ်ရာကမပြင်းထန်ဘူးလို့ သတင်းကောင်းထွက်လာခဲ့ပါတယ်။ အသက်၂၃ နှစ်အရွယ် ကစားသမားကိုတော့ အသင်းက ဆေးကုသမှုတွေကို ကြပ်မတ်ပြုလုပ်နေပြီး ဒဏ်ရာကို သက်သာအောင် ပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။


သူဟာ ဘော်ဒိုးအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို ပါဝင်ကစားနိုင်ဖွယ်တော့ မရှိဘူးလို့ သိရပါတယ်။ အသင်းရဲ့နည်းပြ Jurgen Klopp ကတော့ အသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ Coutinho ဟာ လျင်မြန်စွာ ပြန်လည်သက်သာလာနိုင်ဖွယ်ရှိပြီးတော့ ပြီးခဲ့တဲ့ သုံးပွဲမှာ သူဟာ မရှိမဖြစ်ကစားသမားဖြစ်လာတယ်ဆိုတာကို သက်သေပြလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ဒါ့ကြောင့် လီဗာပူးလ်အသင်းကတော့ Coutinho , Firmino စတဲ့ ဘရာဇီးသားနှစ်ယောက်ရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ နိုင်ပွဲတွေ ရယူနိုင်ခဲ့ပြီးတော့ အကောင်းဆုံးအနေအထားတစ်ရပ်ကို ပြန်ရောက်လာခဲ့ပါတယ်။

 လီဗာပူးလ်အသင်းဟာဆိုရင်တော့ နည်းပြ Klopp ရဲ့ လက်ထက်မှာ လူငယ်တွေကို ပိုမိုနေရာပေးလာသလို အသင်းက လူငယ်ကစားသမားတွေအတွက်လည်း အကယ်ဒမီကို ကြပ်မတ်လုပ်ဆောင်ဖို့ အစီအစဉ်တွေ ချမှတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အသင်းမှာ ဝါရင့်ကစားသမားတွေဖြစ်တဲ့  Milner နဲ့ Lucas တို့ဟာလည်း ပွဲထွက်ကစားခွင့်ရလာပြီး ခြေစွမ်းတွေပြလာတာကြောင့် လူငယ်နဲ့ လူကြီးပေါင်းစပ်ထားတဲ့ အကောင်းဆုံးကစားပုံကို ရရှိလာပြီလည်း ဖြစ်ပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : the Guardian
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment