Powered by Blogger.

အသင်းကြီးတွေ ဂိုးပြတ်နိုင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်




မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ အသင်းကြီးတွေ အားလုံးလိုလို နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ လူစုံပြန်ပါလာတဲ့ ဘာစီလိုနာကတော့ ဘယ်သူမှ ရပ်တန့်လို့ မရနိုင်လောက်အောင်ကိုပဲ ခြေစွမ်းတွေ ပြသနေပြီး စီးရီးအေထိပ်သီးကလပ် ရိုးမားကို ၆ ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပါတယ်။ တိုက်စစ်မှူး Messi ပြန်ပါလာပြီး အသင်းနဲ့ အတူ အမြန်ဆုံးပြန်အထိုင်ကျခဲ့ပြီး နှစ်ဂိုးသွင်းနိုင်ခဲ့တာကတော့ ကျေနပ်စရာဖြစ်ခဲ့ပါတယ်။
 


ရိုးမားကတော့ ဘာကာရဲ့ တွဲလုံးတွေထဲမှာ စုန်းစုန်းမြှုပ်နေခဲ့ရပြီး ဂိုးတွေကို အလွယ်တကူ လက်သင့်ခံခဲ့ရပါတယ်။ MSN တိုက်စစ်ကတော့ ကြောက်စရာပုံစံကို ပြန်ပြနိုင်ခဲ့ပြီး အနိုင်ဂိုးတွေကိုတော့ Suarez ကနှစ်ဂိုး ၊ Messi က နှစ်ဂိုးနဲ့ Pique နဲ့ Adriano တို့ကတစ်ဂိုးစီသွင်းယူပေးခဲ့ပြီး နှစ်သိမ့်ချေပဂိုးကိုတော့ မိနစ်ကိုးဆယ်မှာ Dzeko က သွင်းယူပေးခဲ့ပါတယ်။ Neymar ကတော့ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း အကောင်းဆုံးကစားပုံကို ပြနိုင်ခဲ့ပြီး အခွင့်အရေးများစွာကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။




အာဆင်နယ်အသင်းကတော့ အုပ်စုကနေတက်နိုင်ဖို့ သေရေးရှင်ရေးလောက် အရေးပါနေတဲ့ ပွဲဖြစ်တာကြောင့် အကောင်းဆုံး တင်ကစားခဲ့ပြီး Ozil , Sanchez  တို့ကတော့ အသင်းရဲ့ ကယ်တင်ရှင်တွေ ဖြစ်ခဲ့ကြပါတယ်။ လူမစုံပေမယ့်လည်း အကောင်းဆုံးအတွဲအဖက်တွေနဲ့ ကစားနိုင်ခဲ့လို့ လိုအပ်တဲ့ အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့ပြီး ဘိုင်ယန်က အိုလံပီယာကော့စ်ကို အနိုင်ကစားခဲ့တာကြောင့် အာဆင်နယ်အနေနဲ့ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်တွေ ရှိလာခဲ့ပါတယ်။

 ဘိုင်ယန်ကတော့ အုပ်စုအဆင့်ကနေ တက်လှမ်းသွားပြီးဖြစ်ပြီး အိမ်ကွင်းမှာ  အိုလံပီယာကော့စ်ကို လေးဂိုးပြတ်နဲ့ အနိုင်ပိုင်းခဲ့ပါတယ်။


ချယ်လ်ဆီးအသင်းကလည်း ကစားပုံပြန်မှန်လာခဲ့ပြီး မက္ကာဘီတဲလ်အဗစ်ကို အဝေးကွင်းမှာ လေးဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ မိနစ်နှစ်ဆယ်မှာ Cahill က အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး မိနစ်ခုနစ်ဆယ်နောက်ပိုင်းမှာတော့ Willian , Oscar နဲ့ မိနစ်ကိုးဆယ်မှာတော့ Zouma က ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။


ဇင်းနစ်အသင်းကတော့ စပိန်ကလပ် ဗလင်စီယာကို အိမ်ကွင်းမှာ နှစ်ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပြီးတော့ အကောင်းဆုံး ပုံစံတစ်ခုနဲ့ အုပ်စုအဆင့်ကနေ တက်လှမ်းသွားပါပြီ။





(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : UEFA
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment