Powered by Blogger.

ဘောလုံးလောကမှာ တားမြစ်ဆေးသုံးစွဲလာမှုကို စိုးရိမ်နေတဲ့ Wenger









ဘောလုံးလောကပတ်လည်မှာ တားမြစ်ဆေးပြဿနာတွေ ပေါ်ပေါက်လာတာကို အာဆင်နယ်နည်းပြ Arsene Wenger က စိုးရိမ်နေတယ်လို့ သိရပါတယ်။ ပြင်သစ်သတင်းစာနဲ့ အင်တာဗျူးတစ်ခုမှာ Wenger က သူ့ရဲ့ နည်းပြဘဝမှာ ကစားသမားတွေကို ကစားပုံတိုးတက်လာအောင်လို့ တားမြစ်ဆေးတွေကို သုံးစွဲစေဖို့  တိုက်တွန်းမှုတွေ ခံခဲ့ရတယ်လို့  ဝန်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ အာဆင်နယ်အသင်းက ဒိုင်နမိုဇာဂရက်ဘ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ပြိုင်ဘက်ကစားသမား Ademi ဟာ တားမြစ်ဆေးသုံးစွဲထားတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။



ဒါကြောင့် Wenger ဟာ သူ့ရဲ့ အသင်းဟာ တားမြစ်ဆေးတွေနဲ့ အောင်မြင်လာမယ့်အသင်းတွေရဲ့ကြားမှာ  သားကောင်ဖြစ်သွားမှာကို ထိတ်လန့်နေတယ်လို့လည်း သိရပါတယ်။ " ဘဝမှာ သစ္စာရှိရှိနေမှသာလျှင် အခြားသောသူတွေထက် အောင်မြင်မှုတွေ ရပါလိမ့်မယ်။ ကျွန်တော်နည်းပြ သက်တမ်း နှစ် ၃၀ မှာ ကစားသမားတွေကို တိုးတက်အောင် လုပ်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် သူတို့ ကစားဟန်တက်လာဖို့ ဘာပစ္စည်းမှာ မသုံးခဲ့ပါဘူး။ ကိုယ့်ကိုကိုယ် ဂုဏ်ယူမိပါတယ်။ ဘောလုံးလို လှပတဲ့ ကစားနည်းတစ်မျိုးမှာ လူတိုင်းအောင်မြင်ချင်ကြတယ်။ ကျွန်တော်တို့ဟာ မဟုတ်တဲ့နည်းတွေ သုံးပြီး အောင်မြင်မှုကို မရှာဖွေပါဘူး " လို့ Wenger က ဆိုပါတယ်။



" အပွင့်လင်းဆုံးပြောရမယ်ဆိုရင် ကျွန်တော်တို့မှာ တားမြစ်ဆေးအတွက် လုံလောက်တဲ့ စစ်ဆေးမှုတွေ  မပြုလုပ်ခဲ့ကြပါဘူး။ အင်္ဂလန်ကတော့ တားမြစ်ဆေးကို အတော်လေးဆန့်ကျင်ပါတယ်။ ဥရောပပွဲတွေမှာတော့ တားမြစ်ဆေးကို စစ်တော့စစ်တယ်။ သွေးတော့မစစ်ပဲ ဆီးပဲစစ်တာမလုံလောက်ဘူး ထင်ပါတယ်။ ကျွန်တော် ဒီအချက်ကို ဂျီနီဗာအစည်းအဝေးမှာ ခဏခဏပြောဖူးတယ်။ ဒါပေမယ့် သူတို့ မပြောင်းလဲသေးဘူး။ ချစ်တဲ့ ဘောလုံးလောကမှာ တားမြစ်ဆေးပြဿနာ ကြီးကြီးမားမားမပေါ်ပေါက်ဖို့ပဲ ဆုတောင်းရမယ် " လို့ Arsene Wenger က သူ့ရဲ့ ထင်မြင်ချက်ကို ပြောပြခဲ့ပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment